လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဘူတန်

ဘူတန်
ရက် ခရီးစဉ်

Hightlight
လေယာဉ်စီးချိန်

(၁) နာရီ (၅၅) မိနစ်

အချိန်ကွာခြားမှု

-၃၀ မိနစ်

ရာသီဥတု

မေလ မှ စက်တင်ဘာလ ထိ - 19° C
ဇွန်လ - 22° C to 13° C
ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - 13° C
ဇန်နဝါရီလ - (-2° C) to 11° C

ဘာသာစကား

Dzongkha

အဓိက အစားအစာ

Rice, Buckwheat, Maize

သုံးစွဲသည့်ငွေ

Ngultrum (BTN) and Indian rupee (INR)

Download Program

အံ့ဖွယ်ဂန္တဝင်မြောက်သော ဘူတန်နိုင်ငံ၏ သမိုင်းဝင်နေရာများသို့ အလည်တခေါက် သွားရောက်လည်ပတ်ပါမည်။ ဘူတန်နိုင်ငံ၏ ဆွဲဆောင်မှုအကောင်းဆုံးနေရာများ ကတော့ အံဖွယ်ဘုံဗိမာန်ကြီးများ၊ စိမ်းလန်းစိုပြည်သော တောလမ်းမကြီးများ၊ သဘာဝသစ်တောကြီးများ၊ အခြာဘာသာရေး နှင့် ယဉ်ကျေးမှုများ ကဧည့်သည်တော်များကို အမြဲတမ်းဆွဲဆောင် နေပါသည်။ မပြောင်းလဲသော သို့မဟုတ် ခေတ်မှီနေခြင်းကို လစ်လျူရှု့ထားသော Paro မြို့နှင့် Thimphu မြို့၏ သဘာဝအလှတရားများသည် အပြည့်အဝဆွဲဆောင်မှုပေးလျှက်ရှိပါသည်။ ပျော်ရွှင်ဖွယ်ကောင်းသော ဒေသခံများ၏ ဖော်ရွေမှုများကို တွေ့မြင်ရပါမည်။ ဘူတန်နိုင်ငံကို အလှပဆုံးသဘာဝ အရင်းအမြစ်နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONBANGKOKGENTING HIGHLANDS
DAY 022020THIMPUTHIMPUTHIMPU
DAY 032020THIMPUPUNAKHAPUNAKHA
DAY 042020PUNAKHAGANGTEYGANGTEY
DAY 052020GANGTEYWANGDIPHODRANGPUNAKHA
DAY 062020PUNAKHAPAROPARO
DAY 072020PAROPAROPARO
DAY 082020PAROBANGKOKYANGON
DAY 01 YANGON BANGKOK PARO

Yangon အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး Bangkok အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ Bangkok အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာပြီး Paro အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ Paro မြို့သို့ရောက်ရှိသည်နှင့် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး Paro မှ Thimphu သို့သွားရောက်ပြီး ဟိုတယ်တွင် Check In ဝင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက်တွင် Buddha Point ဟုနာမည်ကြီးသော Kuenselphodrang ဘုရားကြီးသည် အမြင့်ပေ ၅၄ မီတာရှိပြီး Thimphu ချိုင့်ဝှမ်းတွင် အမြင့်ဆုံးထိုင်တော်မူစေတီကြီးဖြစ်သည်။ ထိုမှစတင်၍ ၁၉၇၄ ခုနှစ်တွင် ဘူတန်နိုင်ငံ တတိယမင်းဆက် တည်ဆောက်ခဲ့သော National Memorial Chorten ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ညနေခင်းတွင် ဗဟိုအုပ်ချုပ်ရေးနှင့် ဘာသာရေးခံတပ်တစ်ခုဖြစ်သော Tashichhoe Dzong သို့သွားရောက်လည်ပတ်ပါမည်။

နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့သွားကာ Check In ၀င်ပြီး အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 02 THIMPHU

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်တွင် ၁၆၂၀ ခုနှစ်တွင် Zhabdrung Ngawang Namgyal ဘုန်းတော်ကြီး တည်ဆောက်ခဲ့သော Chari ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက်တွင် Thimphu သို့သွားရောက်ပြီး Royal Textile Academy အနုပညာပြတိုက်သို့သွား ရောက်လည်ပတ်ပါမည်။ ထိုပြတိုက်တွင် ယနေ့အချိန်ထိ တည်ရှိနေသာ ဘူတန် အမျိုးသားအနုပညာ လက်ရာများကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့နောက်တွင် Folk Heritage ပြတိုက်သို့ သွားရောက်လည်ပတ်ပါမည်။ ထိုမှတဖန် ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့သော သဘာဝစက္ကူစက်ရုံJungshi Home Made Paper Factory သို့သွားရောက်လည်ပတ်ပါမည်။

နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY-03 THIMPHU PUNAKHA

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Punakha မြို့သို့သွားရောက်လည် ပါမည်။ ထို့နောက်တွင် Thimphu မှ Dochula Pass တောင်တန်းသို့စတင် ထွက်ခွာပါမည်။ Bhutan နိုင်ငံတောင်ပိုင်း Dochula Pass တောင်တန်းတွင် အိန္ဒိယသောင်းကျန်းသူများအား တိုက်ထုတ်ခဲ့သော ၂၀၀၃ ခုနှစ်စစ်ပွဲ အပြီး၌ တည်ဆောက်ထားသည့် စေတီပုထိုး ၁၀၈ ဆူအား သွားရောက်ဖူးမျှော်ပြီး ရာသီဥတု အခြေအနေပေါ်မူတည်၍ ဟိမဝန္တာတောင်တန်းကြီး အားတွေ့မြင်ရ ပါမည်။ ထိုနောက်တွင် နေ့လည်စာသုံးဆောင်ပြီး ကလေးမွေးဖွားသော ကျောင်းတော် အဖြစ်နာမည်ကြီးသော Chimi Lhakhang ကျောင်းတော်သို့ သွားရောက်လည်ပတ်ပါမည်။ ညနေခင်းပိုင်းတွင် ၁၆၃၇-၁၆၃၈ခုနှစ်တွင် Zhabdrung Ngawang Namgyal ဘုန်းတော် ကြီးတည်ဆောက်ခဲ့သော Pungthang Dechen Phodrang Dzong နန်းတော်သို့သွားရောက် လည်ပတ်ပါမည်။

နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY-04 PUNAKHA GANGTEY

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်တွင် လမ်းဆုံးအမှတ်သို့ရောက်ရှိရန် ၄၅မိနစ်ခန့် တောင်တက် ရသော Khamsum Yuelley Namgyal ကျောင်းတော်သို့ သွားရောက်လည်ပတ်ပါမည်။ လမ်းတလျှောက်တွင် သာယာလှပသော မုန့်ညှင်းခင်း၊ စပါးခင်းနှင့် စိမ်းလန်းစိုပြေသော တောင်တန်းအလှများကို ရင်သတ်ရှု့ မောဖွယ် မြင်တွေ့ရပါမည်။ ထိုသို့သွားရောက်ကာ ၃-၄ နာရီ မောင်းနှင်ပြီး Gangtey တွင် နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီး Gangtey မြို့တွင် လည်ပတ်ပါမည်။ ဆက်လက်၍ Chorten နှင့် Khewang Lhakhang စသော ဘုန်းတော်ကြီး ကျောင်းများသို့ လည်ပတ်ပါမည်။

နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY-05 GANGTEY PUNAKHA

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး Gangtey မြို့တွင် ဆက်လက်လည်ပတ်ပါမည်။ Gangteyမြို့သည် “Phobjikha” အမည်တွင်သော Bhutan နိုင်ငံ၏ အကျော်ကြားဆုံးနေရာတစ်ခုဖြစ်သည်။ ထို့နောက်တွင် အနက်ရောင်လည်ပင်းပုံငှက် Black Necked Cranes အားသွားရောက်လေ့လာပါမည်။ ထို့နောက်တွင် Gangtey ဘုန်းကြီးကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ထိုကျောင်းတော်သည် Nyingmapa ဗုဒ္ဓဘာသာကျောင်းတော်၏ အဓိကဖြစ်သည်။ ထို့နောက်တွင် Punakha မြို့သို့သွားရောက်လည်ပတ်ပါမည်။

နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY-06 PARO

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်တွင် Paro မြို့ရှိ Paro အမျိုးပြတိုက် သို့ သွားရောက် လည်ပတ်ပါမည်။ ဘုရင် JimeDorjiWangChuk လက်အောက် တွင် ရှေးအကျဆုံး Ta-Dzong အဆောက် အဦး အားပြုပြင်မွန်းမံပြီး ၁၉၆၈ခုနှစ် တွင် အမျိုးသားပြတိုက်ကြီး အဖြစ်တည် ဆောက်ခဲ့သည်။ ကြေးဘုရားများ၊ ပန်းချီကားများနှင့် ဘူတန်အနုပညာ လက်ရာများကို ပြတိုက်တွင် တွေ့မြင်ရမည် ဖြစ်သည်။ ထို့နောက်တွင် Paro Rinpung Dzong သို့သွားရောက်လည်ပတ် ပါမည်။ ထိုမှတဖန် ၁၆၄၆ခုနှစ်တွင် ZhabdrungNgawangNamgyal ဘုန်းတော် ကြီး တည်ဆောက်ခဲ့သည့် DrygyelDzong သို့ သွားရောက်လည်ပတ် ပါမည်။

နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY-07 PARO

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်တွင် Tiger’s Nest ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်လည် ပတ်ပါမည်။ Tiger’s Nest (Taktsang) ကျောင်းတော် ကြီးသည် ဟိမဝန္တာတဝိုက်တွင် မြင့်မြတ်သော ကျောင်းတော်ကြီး ဖြစ်ပါသည်။ ၄င်းကျောင်းတော်ကြီးကို အမြင့်ပေ ၂၀၀၀ ခန့် မြင့်မားသော ကျောက်ကမ်းပါး ပေါ်တွင် တောင်တန်းများကိုဖြတ်သန်းလာ၏ နောက်ကျောပေါ်မှ အစက် အပြောက်များကိုရည်ညွှန်း၍ အမည်ပေးထေားခြင်းဖြစ်သည်။ ညနေပိုင်းတွင် ရိုးရာ အက ကပြဖျှော်ဖြေမှုကို ကြည့်ရှုပြီးပါမည်။

နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY-08 PARO

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် ခရီးစဉ်ပြီးဆုံးပြီဖြစ်ပါသဖြင့် လေဆိပ်သို့ လိုက်လံ ပို့ဆောင်ပေးပါမည်။ Paro အပြည်ပြည်ဆိုင်ရာ လေဆိပ်မှစတင် ထွက်ခွာပြီး Bangkok အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောရှိမည်ဖြစ်သည်။ Bangkok အပြည် ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာပြီး Yangon အပြည် ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိမည်ဖြစ်သည်။

~~ ဘူတန်ခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ ~~