လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ထိုင်ဝမ်

ထိုင်ဝမ်
ရက် ခရီးစဉ်
၇၀၀ ဒေါ်လာ

Hightlight
လေယာဉ်စီးချိန်

၃ နာရီ ၅၅ မိနစ်

အချိန်ကွာခြားမှု

၁ နာရီ ၃၀ မိနစ်

ရာသီဥတု

နွေဦးရာသီ (မတ်လမှမေလ) = 25° C (ပျမ်းမျှ)
ဆောင်းဦးရာသီ (စက်တင်ဘာလမှနိုဝင်ဘာလ) = 25° C (ပျမ်းမျှ)
ဆောင်းရာသီ (ဒီဇင်ဘာလမှဖေဖော်ဝါရီလ) = 8° C (ပျမ်းမျှ)
နွေရာသီ (ဇွန်လမှသြဂုတ်လ) = 30° C (ပျမ်းမျှ)

ဘာသာစကား

Mandarin Chinese

အဓိက အစားအစာ

Beef noodle soup: or niu rou main, is the quintessential Taiwanese comfort food,... Fatty Minced Pork on Rice: ... Glutinuous oil rice: ... Oyster pancakes: ... Oyster Vermicelli: ... Pig intestines ( chitterlings): ... Scallion panckes: ... Sticky Tofu:

သုံးစွဲသည့်ငွေ

NEW TAIWAN DOLLAR (NT$)

Download Program

ထိုင်ပေမြို့ သည် ထိုင်ဝမ်ဟု လူသိများသည့် တရုတ်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်ပါသည်။ ထိုင်ပေမြို့သည် ထိုင်ဝမ် ကျွန်း၏ မြောက်ဖက်အစွန်း တတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် ကြီးလုံမှ အနောက်တောင်ဖက် ၂၅ ကီလို မီတာအကွာ တန့်ဆွေမြစ် ၊ ကြီးလုံမြစ် နှင့် ရှင်းတျန့်မြစ် မြစ်သုံးမြစ်ဆုံရာ ချိုင့်ဝှမ်းတွင် တည်ရှိပါသည်။ ထိုင်ပေမြို့ သည် ထိုင်ဝမ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အချက်အချာ မြို့ဖြစ်ပါသည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONTAIPEITAICHUNG
DAY 022020TAICHUNGNANTOUCHIAYI
DAY 032020CHIAYIKAOHSIUNGKAOHSIUNG
DAY 042020KAOHSIUNGTAITUNGTAITUNG
DAY 052020TAITUNGHUALIEN HUALIEN
DAY 062020HUALIENYEHLIU TAIPEI
DAY 072020TAIPEI*YANGON
DAY 01 YANGON TAIPEI TAICHUNG

Yangon အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး၊ Taiwan ရှိ Taipei မြို့မှ Taiwan Taoyuan အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိမည် ဖြစ် သည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြို ဆိုပါမည်။  ထို့ နောက် Taichung မြို့သို့ သွားရောက်ပါမည်။ Fengjia Night Market သို့ စျေးဝယ်ထွက်ရန် ပို့ဆောင်ပေးပါမည်။

ညစာ ကို ဒေသခံစားသောက်ဆိုင် တွင် တည်ခင်းဧည့်ခံ ပါမည်။

Taichung မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 02 TAICHUNG NANTOU CHIAYI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် Nantou မြို့သို့ထွက်ခွာပါမည်။ Nantou မြို့သို့ မထွက်ခွာမီ Rainbow Village သို့ သွားရောက် လည်ပါတ်ပါမည်။ ထို့နောက် နာမည်ကျော် နေလကန်ဟု တင်စားခေါ်ဝေါ်ကြသည့် Sun Moon Lake သို့ သွားရောက်ပြီး ကန်အတွင်း Speed-Boat စီးပါမည်။ အပြန်လမ်း တွင် နာမည်ကျော် Wenwu ဘုရားကျောင်းကို လေ့လာကြည့်ရှု့ပါမည်။ ထို့နောက် Skin Care Product Shop သို့ သွားရောက်လည်ပါတ်၍ စျေးဝယ် ထွက် ကြပါမည်။ ထို့နောက် Chiayi မြို့သို့ ဆက်လက်ထွက်ခွာပါမည်။

နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင် တည်ခင်းဧည့်ခံ ပါမည်။

Chiayi မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနား ယူပါမည်။

DAY 03 CHIAYI KAOHSIUNG

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် ပေပေါင်း (6000) ကျော်အမြင့်ရှိသော Alishan National Scenic Area တောင်ပေါ်အမျိုးသား ဥယျာဉ်သို့ သွား ရောက်လည်ပတ် ကြပါမည်။ လမ်းတွင် ဂျပန်ကိုလိုနီခေတ် ကတည်းက ဖောက်လုပ်ခဲ့သော ရထားလမ်းတွင် ရထားစီးပြီး လမ်းတလျှောက် သဘာဝ အလှအပများကို ကြည့်ရူ့ခံစားကြ ပါမည်။ နှစ်ပေါင်း (2000) ကျော်သက်တမ်း ရှိ သစ်ပင်ကြီး (Scared Tree) နှင့် နာမည်ကြီး ညီအမရေကန် (Sister Pond) ကိုသွားရောက်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် Kaohsiung မြို့သို့ ဆက်လက်ထွက်ခွာပါမည်။ ထိုင်ဝမ်၏ နာမည်ကျော် Pineapple Cake ဆိုင်သို့သွားရောက် ပါမည်။ ပြီးလျှင် Hansin Department Store သို့သွားရောက်ကာ စျေးဝယ်လည်ပတ်ပါမည်။

နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင် တည်ခင်းဧည့်ခံ ပါမည်။

Kaohsiung မြို့ရှိ ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနား ယူပါမည်။

DAY 04 KAOHSIUNG TAITUNG

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် ကောင်းရှုံမြို့ရှိ Pier 2 Art Centre သို့ သွားရောက်ပါမည်။ ထို့နောက် အေးချမ်းလှပတဲ့ ကြာကန်အတွင်းတွင် လက်ရာမြောက်စွာ ထုဆစ်ဆောက်လုပ်ထားသော Dragons and Tiger Pagodas သို့ သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ထိုင်ဝမ်နိုင်ငံ၏ အကြီး ဆုံးယဉ်ကျေးမူစင်တာ ဖြစ်သည့် Fo Guang Shan Buddha Museum နှင့် Fo Guang Shan ဗုဒ္ဓရုပ်ပွားတော်ကြီးသို့သွားရောက် ဖူးမျှော်ပြီး ဗုဒ္ဓယဉ် ကျေးမှု အမွေအနှစ်များ ၊ဗုဒ္ဓသမိုင်း ကြောင်းများ၊ ဗုဒ္ဓစာပေများကို လေ့လာ ပါမည်။ ထို့နောက် Taitung မြို့သို့ ဆက်လက်ထွက်ခွာပြီး ထိုင်ဝမ်နိုင်ငံရဲ့ နာမည်ကျော် ရေပူစမ်းနာမည်ကြီးသော Taitung Zhiben Area သို့ သွားရောက်လည်ပတ်ပါမည်။

နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင် တည်ခင်းဧည့်ခံ ပါမည်။

Taitung မြို့ရှိဟိုတယ်တွင်ရေပူစမ်းစိမ်ရင်း အိပ်စက်အနားယူ ပါမည်။

DAY 05 TAITUNG HUALIEN

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် Little Yehliou လို့တင်စားခေါ်ဝေါ်ကြသည့် Xiao Yehliu Natural stone sculptural park သို့ သွားရောက်ကာ နှစ်ထောင်ပေါင်းများစွာက နေ၊ ရေ၊ လေ ဒါဏ်တွေကြောင့် ပုံစံအမျိုးမျိုး ဖြစ်ပေါ် နေတဲ့ ကျောက်တောင်တွေကို လေ့လာကြည့်ရူပါမည်။ ထို့နောက် ထိုင်ဝမ်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားနိုင်သည့် နေရာ တွေထဲက တစ်ခုဖြစ်ပြီး  လှိုင်းပုံစံ အခုံး (8) ခုဖြင့် ထူးခြားစွာ ဆောက်လုပ် ထားသော Sanxiantai Arch Bridge သို့သွားရောက်ပြီး ရူ့မငြီးနိုင်တဲ့ သဘာဝတရားရဲ့ ဆန်းကြယ်ခမ်းနားမှုကို မြင်တွေ့နိုင်ပါတယ်။  ပြီးနောက် Hualien မြို့သို့ ဆက်လက်ထွက်ခွာ ပါမည်။ ထိုင်ဝမ်နိုင်ငံ၏ အမျိုးသားဥယျာဉ်  (9) ခုရှိသည့်အနက် တခုဖြစ်သည့် Taroko Park သို့သွားရောက် လည် ပတ်ပါမည်။ ပင်လယ်ရေ မျက်နှာပြင်အထက် 2408 m အမြင့်ရှိပြီး  ထိုင်ဝမ် နိုင်ငံ၏ အမြင့်ဆုံး ပင်လယ်ကမ်းရိုးတန်း ချောက်ကမ်းပါးတခုဖြစ်သည့် Qingshui Cliff သို့သွားရောက် ပါမည်။

နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင် တည်ခင်းဧည့်ခံ ပါမည်။

ထို့နောက် Hualien မြို့ရှိ ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

DAY 06 HUALIEN YEHLIU TAIPEI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် ရထားဖြင့် Suaoxin ဘူတာသို့ ထွက်ခွာပါ မည်။ ကျောက်ဆောင်များ နှင့်ထိုင်ဝမ်၏ နံမည်ကြီး ဘုရင်မ ဦးခေါင်းပုံ ကျောက်ဆောင် ရှိရာ Yahliu Geo Park သို့ သွားရောက် ပါမည်။ ထို့နောက် ချန်ကေရှိတ်၏ အောက်မေ့ဖွယ်ရာ ဂူဗိမ္မာန်ဖြစ်သော Chiang Kai-Shek Memorial Hall သို့ သွားရောက်လည်ပါတ်ကြပါမည်။ ထိုမှတဖန် တိုင်ပေမြို့ ရှိ နာမည်ကျော် မိုးမျှော် အဆောက်အအုံ တစ်ခုဖြစ်သော Taipei 101 Tower သို့သွားရောက်ပြီး တိုင်ပေမြို့၏ အလှအပများအား အပေါ်စီးမှ ကြည့်ရူ့ခံစား ပါမည်။ ထို့နောက် Ximending Shopping District သို့သွားရောက် စျေးဝယ် ပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

Taipei ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 07 TAIPEI YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် လေယာဉ်ကွင်းသို့ မထွက်ခွာမီ ချန်ကေ ရှိတ်၏ အောက်မေ့ဖွယ်ရာ ဂူဗိမ္မာန်ဖြစ်သော Chiang Kai-Shek Memorial Hall သို့ သွားရောက်လည်ပတ်ကြပါမည်။  ထို့နောက် Taipei မြို့ရှိ Taiwan Taoyuan အပြည်ပြည်ဆိုင်ရာလေဆိပ် မှ စတင်ထွက်ခွာ ကာ Yangon အပြည် ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါသည်။

***ထိုင်ဝမ် ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ**