လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ကုမ္ပဏီအကြောင်း

ခရီးသွားချစ်သူများ မင်္ဂလာပါရှင့်

ခရီးသွားကုမ္ပဏီနှင့် ဆက်သွယ်ပြီး နိုင်ငံရပ်ခြားကိုသွားရောက်သည့်အခါ ယုံကြည်မှု့ကဏ္ဍသည် အရေးကြီးသည့်အတွက် မိတ်ဆက်ခြင်းဖြင့် စတင်ပါရစေ။
Authentic Myanmar Outbound Tours ကို တည်ထောင်သူ ဒေါ်သတိုးသူဇာအောင် သည် ၁၉၉၅ ခုနှစ်မှ စတင်၍ ခရီးသွားလုပ်ငန်း ကို စတင်ဝင်ရောက်ခဲ့ပါတယ်။
၁၉၉၇ မှာ ပါရီမြို့၊ ဆော်ဘွန်းတက္ကသိုလ်မှ ပြင်သစ်ဘာသာအနုစာပေ၊ ၂၀၀၄ ခုနှစ်တွင် ဘာစီလိုနာမြို့၊ စပိန်နိုင်ငံရှိ အစိုးရကျောင်းတွင် စပိန်ဘာသာရပ် နှင့် ၂၀၁၅ ခုနှစ်တွင် ပါရီမြို့ ၊ စီးပွားရေးတက္ကသိုလ်တွင် စီးပွားရေးဆိုင်ရာဘာသာရပ်ကို သင်ယူ အောင်မြင်ခဲ့ပါတယ်။

ပြင်သစ်၊ စပိန်ဘာသာဧည့်လမ်းညွှန်အဖြစ် ၁၂ နှစ်တိုင်တိုင် အသက်မွေးဝမ်းကြောင်းပြုပြီးသည့်နောက် ၂၀၀၇ ခုနှစ်တွင် ကိုယ်တိုင်ခရီးသွား ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ယနေ့အချိန်မှာ Authentic Myanmar Inbound Tours ခရီးသွား ကုမ္ပဏီဟာ မြန်မာပြည်သို့ ရောက်ရှိလာသော ကမ္ဘာ့ခရီးသွား ထောင်ဂဏန်းကျော်ကို နှစ်စဉ် ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာလူမျိုးများ ကမ္ဘာကို ကျယ်ပြန်စွာ လည်ပတ်နိုင်ရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်မှ စတင်ကာ Outbound Tours ကိုတည်ထောင် ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ပြောင်းလဲလာသော ယနေ့ခေတ်တွင် မြန်မာလူမျိုးတို့၏ ခရီးသွားခြင်းအလေးထားလာမှု့ကဏ္ဍကို ကျွန်မတို့ လေ့လာသိရှိရပါတယ်။

ကျွန်မတို့ ကုမ္ပဏီဟာ Incentive, Event, Corporate Travel, International Tickets များကို ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။

IATA (International Air Transport Association) ၏ Accredited Agent အပြင် Domestic Passenger Sales Agent ဖြစ်သည့် အားလျှော်စွာ နိုင်ငံတကာ နှင့် မြန်မာပြည်တစ်ဝန်းလုံးရှိ လေယာဉ်လက်မှတ်များကို ဈေးနှုန်းသက်သာစွာ စီစဉ်ပေးလျှက်ရှိပါတယ်။

ကမ္ဘာ့ခရီးသွားများ နှင့် မြန်မာ့ ခရီးသွားများ အတွက် ဈေးနှုန်း သင့်တင့်စွာ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။

  • ခရီးသွားရေးရာကို နိုင်ငံရပ်ခြားတွင် စနစ်တကျ သင်ယူထားသည့် ကုမ္ပဏီ၏ ကျွမ်းကျင်ဝန်ထမ်းများမှ လူကြီးမင်းတို့ မေးမြန်းသည်များကို အသေးစိတ် ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။
  • မြန်မာခရီးသွားများအတွက် ထူးခြားဆန်းသစ်သည့် ခရီးစဉ်များကို Authentic Myanmar Outbound Tours ၏ ဝက်ဘ်ဆိုက်တွင် အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
  • လူကြီးမင်းတို့၏ အပန်းဖြေခရီးစဉ်များသည် Authentic Myanmar Outbound Team ၏ အတွေ့အကြုံကောင်းများဖြင့် မှန်ကန်သော ဝန်ဆောင်မှု့၊ ခရီးသွား လုပ်ငန်းကျွမ်းကျင်သူများ ပီသစွာ “တာဝန်ယူမှု၊ တာဝန်သိမှု” တို့ကြောင့် အမှတ်တရရှိနေမည့် ခရီးစဉ်များ ဖြစ်မည်ဟု ကတိပေးလိုပါတယ်။