လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဗီယက်နမ်နိုင်ငံ၏ water puppet show ပွဲ

ဗီယက်နမ်နိုင်ငံ၏ water puppet show ပွဲ

မင်္ဂလာပါ ဧည့်သည်တော်များရှင့်

ယနေ့ ခရီးသွားချစ်သူများအတွက် ဖော်ပြပေးချင်တဲ့ အကြောင်းအရာကတော့ ဗီယက်နမ်နိုင်ငံ၏ အထင်ကရ ရှိုးပွဲတစ်ခုဖြစ်တဲ့ water puppet show ပွဲအကြောင်းဘဲဖြစ်ပါတယ်ရှင့်

၁၁ ရာစုမှစတင်ပြီး ဗီယက်နမ်မြောက်ပိုင်း မြစ်နီဒေသကျေးရွာများမှ လယ်ယာမြေတွေ ရေလွှမ်းမိုးခဲ့စဉ်က လယ်သမားများက လယ်ကွင်းထဲတွင် ရေစိမ်ပြီး ရုပ်သေးရုပ်ဖြင့် အပျင်းပြေ ဖျော်ဖြေရာမှ အစပြုကာ ယခုလို ပြဇာတ်ရုံနှင့် ပြသည်အထိ နာမည်ကြီးလာတဲ့ ရေပေါ်ရုပ်သေးရုပ် ကပွဲတစ်ခုဖြစ်ပါတယ်။

ခါးလောက်နက်ရှိုင်းသော ရေကန်ပေါ်တွင် သစ်သားရုပ်သေးရုပ်ကလေးများကို ရေထဲနှစ်ပြီး ကပြ ဖျော်ဖြေခြင်းတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ပြင်သစ်ရဲ့လက်အောက်ခံဖြစ်ခဲ့သလို လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်လောက်က တရုတ်လက်အောက်ခံဖြစ်ခဲ့သည့်အတွက် တရုတ်နေထိုင်မှု ဓလေ့ထုံးစံအတော်များများကို လည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

အဆိုပါ Water Puppet Show အတွင်းမှာလည်း ဗီယက်နမ် နှင့် တရုတ် ရိုးရာယဉ်ကျေးမှုတို့ အနည်းငယ် ရောယှက်ပါ၀င်နေပုံကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

ဗီယက်နမ်မြောက်ပိုင်း Hanoi မြို့မှာဆိုလျှင် ဗီယက်နမ်ရိုးရာ နှင့် ဒဏ္ဌာရီ များကို ကပြဖျော်ဖြေတဲ့ water puppet show ကို Thang Long ကဇတ်ရုံမှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဗီယက်နမ်တောင်ပိုင်း Ho Chi Minh မြို့မှာဆိုလျှင်တော့ The Golden Dragon ကဇတ်ရုံကဲ့သို့ ပြဇာတ်ရုံများတွင် သွားရောက် ကြည့်ရှုသင့်ကြောင်း အကြံပေးချင်ပါတယ်ရှင့်။

လက်မှတ်ခမှာတော့ မြန်မာငွေ (၃၀၀၀၀) ကျပ်ဝန်းကျင်သာ ကျသင့်မှာဖြစ်ပြီး ပြပွဲပြသချိန်မှာ (၁) နာရီ ခန့်ကြာ့မြင့်မှာဖြစ်ပါတယ်ရှင့်။
တစ်ရက်လျှင် ပွဲချိန် (၃) ချိန်ခန့်ပြသနေတာ ဖြစ်ပါတယ်ရှင့် ။

အချိန်လဲ အများကြီးမပေးရသလို ဗီယက်နမ်ကျေးလက် ရိုးရာများကို မျက်ဝါးထင်ထင် တွေ့မြင်ရမယ့် water puppet show ပွဲကို Authentic နှင့်ဆက်သွယ်ပြီး တူတူ သွားကြည့်ချင်တယ်ဆိုလဲ ဆက်သွယ်နိုင်ပါတယ်ရှင့်။