၅ ည
၆ ရက် ခရီးစဉ်
၅ နာရီ ၂၀ မိနစ်
+ ၂ နာရီ ၃၀ မိနစ်
မတ်လ မှ မေလ ထိ - နွေဦးရာသီ (20°C to 27°C )
ဇွန်လ မှ သြဂုတ်လ ထိ - နွေရာသီ ( 25°C to 35°C )
စက်တင်ဘာလ မှ နိုဝင်ဘာလ ထိ - ဆောင်းဦးရာသီ ( 07°C to 10°C )
ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - ဆောင်းရာသီ ( -02°C to 01°C )
Korean
ထမင်း၊ အသား နှင့် အသီးအရွက်
Won
တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှနိုင်ငံတစ်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးမြို့တော် ဖြစ် သော Seoul မြို့သည် တစ်ဟုန်ထိုးတိုးတတ်နေသော စီးပွားရေးမြို့တော်တစ်ခုဖြစ်ပါသည်။ Nami ကျွန်းသည် ကိုရီးယား ယဉ်ကျေးမှုကျေးရွာများ တည်ရှိရာ ကျွန်းတစ်ကျွန်းဖြစ်ပါသည်။
ITINERARY AT A GLANCE
| DAY | DATE | DEPARTURE | VISIT / FLIGHT | ARRIVE |
|---|---|---|---|---|
| DAY 01 | 2020 | YANGON | SEOUL | |
| DAY 02 | 2020 | SEOUL | SEOUL/ NAMI ISLAND | SEOUL |
| DAY 03 | 2020 | SEOUL | EVERLAND | SEOUL |
| DAY 04 | 2020 | SEOUL | SEOUL | SEOUL |
| DAY 05 | 2020 | SEOUL | SEOUL | SEOUL |
| DAY 06 | 2020 | SEOUL | YANGON |
VIETNAM
Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး Vietnam နိုင်ငံ Hanoi မြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။
SEOUL
NAMI ISLAND
Vietnam နိုင်ငံ Hanoi မြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာပြီး Korea နိုင်ငံ Incheon လေဆိပ်သို့ နေ့လည်ပိုင်းတွင်ရောက်ရှိ မည် ဖြစ်ပါသည်။ လေဆိပ်တွင်ဒေသခံဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပါမည်။
နေ့လည်စာကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
နေ့လည်စာသုံးဆောင်ပြီးနောက်တွင် ကိုးရီးယားနာမည်ကျော်ရုပ်ရှင်ဇာတ်ကား ဟေမာန်ဆောင်းရဲ့ချစ်သံစဉ် ( Winter Sonata Drama ) ရုပ်ရှင် ရိုက်ကွင်းဖြစ် သော ကိုးရီးယားရုပ်ရှင်ဇာတ်လမ်းတွဲများထဲတွင် ထည့်သွင်းရိုက်ကူးလေ့ရှိသော Nami-island သို့သွားရောက်ပြီး ချယ်ရီပင်များရှိရာလမ်းကလေးတွင် အမှတ်တရ ဓာတ်ပုံ များစွာရိုက်ကူးကြပါမည်။ Nami ကျွန်း၏ကဗျာဆန်သောအလှကို ပိုမိုပုံပေါ်စေသော Garden of Morning Calm သို့သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက်တွင် မြစ်ကိုဖြတ်၍ တည်ဆောက်ထားသော Soyanggang မှန်တံတား ပေါ်တွင် ရင်ခုန်စိတ်လှုပ်ရှားစွာ ဖြတ် သန်းလမ်းလျှောက်ကြပါမည်။ ညနေပိုင်းတွင် Gyeonggi သို့ ပြန်လာကြပါမည်။
ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် နာမည်ကျော် Everland သို့သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် ကိုရီးယား သက်ဦး ဆံပိုင်ဘုရင်စနစ်ခေတ်၏ အငွေ့အသက်များရှိရာ Korea Folk Village သို့ရောက်ရှိ၍ နန်းဝတ်နန်းစားများ ဖြင့် ဓါတ်ပုံလှလှလေးများ ရိုက်ရင်းကိုရီးယား၏ ဘုရင်စနစ်ကိုလေ့လာကြပါ မည်။
နေ့လည်စာကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
နေ့လည်စာသုံးဆောင်ပြီးနောက်တွင် ကစားနည်းပေါင်းစုံဖြင့်စည်ကားသော Everland Theme Park သို့သွားရောက်ကာ ပျော်ရွှင်စွာကစားကြပါမည်။
ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် ကိုရီးယား၏ နာမည်ကြီး ဂျင်ဆင်းမျိုးစုံကို တွေ့မြင်နိုင် ပြီး ဂျင်ဆင်းတိုင်းပြည်ဟု တင်စားခေါ်ဝေါ်သော Ginseng Center ၊ Cosmetic Shop သို့ သွားကာဈေးဝယ်ထွက်ပါမည်။ ထို့နောက်တွင် ကိုရီးယားနိုင်ငံ ၏ အဓိက အထင်ကရ အစားအစားဖြစ်သော ကင်ချီပြုလုပ်စားသောက်ကြပြီး ရိုးရားဝတ်စုံများ ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်ပိုင်းတွင် Namsan တောင်ပေါ်ရှိ ကိုရီးယားနိုင်ငံ၏ ဒုတိယအမြင်ဆုံးနေရာတစ်ခုဖြစ်သည့် N Seoul Tower သွားရောက် လည်ပတ်ကြပါမည်။ ထိုမှ တစ်ဖန် SM Duty Free Shop တွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ ဝယ်ယူပြီး Insadong လမ်းတွင်လမ်းလျှောက် လည်ပတ်ကြပါမည်။ ညနေပိုင်း တွင် ကိုရီးယားရိုးရာအိမ်ကလေးများတည်ရှိရာ Bukchon Hanok Village သို့လေ့လာ လည်ပတ်ကြပါမည်။
နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် ကိုရီးယား၏တန်ခိုးကြီးသော Jogyesa ဘုရားသို့သွားရောက်လေ့လာ ဖူးမြော်ကြပါမည်။ ထို့နောက် Amethyst ကျောက်မျက်ရတနာ ပြခန်းသို့သွားရောက်၍ ကျောက်မျက်ရတနာများကို ကြည့်ရှုကြပါမည်။ ထို့နောက် 3D ရုပ်ကြွများဖြင့်ခြယ်လှယ်ထားသော Trick Eye Museum သို့သွားရောက်ကာ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ထိုမှတဆင့် ရေခဲများဖြင့်ပြုလုပ်အလှဆင်ထားသော Ice Museum သို့သွားရောက်ကာ ရေခဲ အလှအပများကို သွားရောက်ကြည့်ရှုကြပါမည်။ ပြီးနောက် ကိုရီးယားနိုင်ငံ၏ နာမည်ကျော် Shopping ဖြစ် သော Myeongdong Market သို့သွားရောက်ကာဈေးဝယ်ထွက်ကြပါမည်။
နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
VIETNAM
YANGON
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် Korea နိုင်ငံ Incheon လေဆိပ်သို့ လိုက်လံ ပို့ဆောင်ပေးပါမည်။ Korea နိုင်ငံ Incheon လေဆိပ်မှ စတင်ထွက်ခွာပြီး Vietnam နိုင်ငံ Hanoi မြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထိုမှတဆင့် Vietnam နိုင်ငံ Hanoi မြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာပြီး Yangon အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။
~~ ကိုရီးယားစဉ် ခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ ~~