လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

တတိယမြောက်မူလတန်းကျောင်း လှူဒါန်းခြင်း

တတိယမြောက်မူလတန်းကျောင်း လှူဒါန်းခြင်း

ကျွန်ပ်တို့၏ တတိယမြောက်မူလတန်းကျောင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကုန်းကျေးရွာတွင် တည်ဆောက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ၏ အလွန်ဆိုးရွားသော ရေလွှမ်းမိုးမှုကြောင့် မူလတန်းကျောင်းများ အရေးပေါ်လိုအပ်လာသောကြောင့် မပြီးဆုံးသေးသော ဆောက်လုပ်ဆဲကျောင်းကို ရွေးချယ်ဆောက်လုပ်ခဲ့ပါသည်။ ယခုအချိန်မှာ ကလေးများအတွက် အရေးပေါ်လိုအပ်သောပစ္စည်းများ၊ မိုးရေသိုလှောင်ကန်များ၊ အိမ်သာများကို ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။

ကျောင်းတည်ဆောက်မှုအားလုံးသည် ရပ်ရွာဒေသခံလူထု၏ စီမံခန့်ခွဲမှုအောက်တွင် ကျောင်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်စီစဉ်ဆောက်လုပ်ခဲ့ပါသည်။ စီမံကိန်းများအားလုံးတွင် ရပ်ရွာဒေသခံများ ပါဝင်ကြပါသည်။