လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

လာအိုနိုင်ငံသို့သွားရောက် လည်ပတ်သင့်တဲ့ “Buddha Park “

လာအိုနိုင်ငံသို့သွားရောက် လည်ပတ်သင့်တဲ့ “Buddha Park “

ခရီးသွားချစ်သူများရှင့်။

ယနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့လာအိုနိုင်ငံသို့သွားရောက်လည်ပတ်သည့်အခါမသွားမဖြစ်သွားရောက်လည်ပတ်သင့်တဲ့”Buddha Park “ဖြစ်ပါတယ်။

၁၉၅၈ခုနှစ်မှာဥယျာဉ်စတင်တည်ဆောက်ခဲ့စဉ်ကဗုဒ္ဓဘာသာနှင့်ဟန္ဒူဘာသာနတ်ဘုရားရုပ်ထုပေါင်း၂၀၀ကျော်ရှိပါတယ်။

ရွှေဖရုံသီးပုံစံအဆောက်အဦးကြီးပေါ်ကိုတတ်ပြီးပန်းခြံကိုအပေါ်စီးကနေကြည့်ရှုခံစားနိုင်ပါတယ်။

( ဖရုံသီးသုံးဆင့်ကနတ်ပြည်၊လူ့ပြည်နှင့်ငရဲပြည်၃ထပ်ကိုပုံဖော်ထားတာပါ။)

ဝင်ပေါက်မှာတော့နတ်ဆိုးရဲ့ပါးစပ်ပုံရုပ်ထုရှိပါတယ်။မကောင်းဆိုးဝါးတွေဝင်လာရင်ဖမ်းစားဖို့ဖြစ်ပါတယ်။

Buddha Park ကိုVientiane မြို့Talat Sao Bus Station ကနေဘက်စ်ကားစီးပြီးသွားရောက်လည်ပတ်နိုင်ပါတယ်။

ပန်းခြံကတော့နေ့စဉ်မနက်၈:၀၀မှညနေ၅:၀၀အထိဖွင့်ပါတယ်။

လာအိုနိုင်ငံ၏သမိုင်းဝင်အမှတ်အသားတစ်ခုအဖြစ်တည်ရှိနေတဲ့ ၎င်းပန်းခြံကိုခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာတဲ့အတွက်ကမ္ဘာလှည့်ခရီးသွားများအတွက်ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဆိုလျှင်လည်းမမှားပါဘူးရှင့်။

သည့်အတွက်ကြောင့်ဗုဒ္ဓဘာသာထွန်းကားရာလာအိုနိုင်ငံသို့သွားရောက်လည်ပတ်သည့်အခါBuddha Park သွားရောက်လည်ပတ်ဖို့တိုက်တွန်းရင်းကျွန်မတို့Authentic Myanmar Outbound Team မှရေးသားဖော်ပြပေးလိုက်ပါတယ်ရှင့်။

ရွှင်လန်းချမ်းမြေ့ကြပါစေရှင့်။