လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဘန်ကောက်လည်ပတ်ရင် ရောက်သင့်တဲ့ Asiatique RiverFornt

ဘန်ကောက်လည်ပတ်ရင် ရောက်သင့်တဲ့ Asiatique RiverFornt

ခရီးသွား ချစ်သူများ ရှင့်။

ယနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ဘန်ကောက်လည်ပတ်ရင် ရောက်သင့်တဲ့ Asiatique RiverFornt လေးအကြောင်း ဖြစ်ပါတယ်။
Asiatique ဆိုတာ နဲ့ ဘာကို အရင် ပြေးမြင်ကြသလဲ ❓❓❓

ကျွန်မတို့ ကတော့ Asiatique ဆိုတာနဲ့ ရဟက်ကြီး 🎡 နဲ့ မြစ်ကမ်းဘေးကို ပြေးမြင်တာပါပဲ။

Asiatique က RiverFront Market ကြီးတစ်ခုပါ။ ဘန်ကောက်မှာ ရှိတဲ့ Market တွေထဲမှ အကြီးဆုံး Open Air Market တစ်ခုလည်း ဖြစ်ပါတယ်လို့လဲ ခရီးသွား သတင်းလွှာတွေမှာ ဆိုထားပါတယ်။

Asiatique တည်ဆောက်ထားတာကို ဆက်ရှင်းပြမယ်နော်
Asiatique ကို ဘန်ကောက်မြို့ ရဲ့ အဓိက မြစ်ကြီး တစ်စင်းဖြစ်သည့် Chao Phraya မြစ်ကမ်း ဘေးတွင် တည်ဆောက်ထားပါတယ်။

Asiatique မှာ ဘာတွေ တွေ့မလဲ ❓❓❓

အစားသမားတို့ မည်သည် စားသောက်ဆိုင်သာ အရင်တွေ့ ပါတယ်။ 😎😋

စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ Bar များ၊ မာဆတ်များ၊ Bangkok Brand အိတ်များ၊ Branded Replica ပစ္စည်းများနှင့် Asiatique ၏ အဓိက Attraction တစ်ခု ဖြစ်သည့် ရဟက်ကြီး 🎡 လည်း ရှိပါတယ်။

Asiatique မှာ ညနေခင်း/ ညဘက် လမ်းလေးလျှောက်ရင်း တဖြူးဖြူးတိုက်နေတာကို ခံစားမလား၊ စားသောက်ဆိုင်တွေမှာ အေးဆေးစားသောက်ရင်း မြစ်ကမ်းဘက် မျက်နှာမူကာ လူ့လောက နိဗ္ဗာန်ကို ခံစားမလား၊ မိသားစုဝင်/ ချစ်သူ/ သူငယ်ချင်း မိတ်ဆွေများ နဲ့ စကားပြောရင်း ညစာ စားကာ Fish မာဆတ်လေးရော လုပ်ကြအုံးမလား၊

Shopping ထွက်ကြမလား၊ အလှဓါတ်ပုံတွေရော ရိုက်ကြမလား စတဲ့ ပျော်ရွှင်စရာ များစွာနဲ့ ပြည့်နေတဲ့ Asiatique ကို ကိုယ်ကတော့ ဘန်ကောက်ရောက်တိုင်း တစ်ရက်တော့ ရောက်အောင် သွားဖြစ်တယ်။ ဘန်ကောက်သွားပြီး Asiatique ရဲ့ ညနေခင်း အလှကို ခံစားပြီး မပြန်ခဲ့ ရဘူးဆိုရင် မကျေနပ် နိုင်လို့ အရောက်သွားဖြစ်တဲ့ ကျွန်မတို့ အကြိုက်ဆုံး နေရာလေး တစ်ခုပါ။ 🥰

Chao Phraya Dinner Cruise 🚢 တွေလည်း Join လို့ရသေးတယ်နော်။ ကျွန်မတို့တော့ လူငယ်ပီပီ အဲ့ဒီငွေ အစား အဝတ်အစား များများ ဝယ်ချင်လိုက်တာပေါ့။ 😎

သို့ပေမယ့် စာဖတ်သူ ခရီးသွားတွေ အဖို့တော့ ညစာ သင်္ဘောတွေကို စီးနင်းရင်း မတူညီတဲ့ အရသာတွေကို ခံစားစေချင်ပါတယ်။

Asiatique ဖွင့်ချိန်ကတော့ ညနေ ၀၄ နာရီ (16:00) 🕟 မှ ည ၁၂:၀၀ နာရီ 🕕 အထိဖြစ်ပါတယ်။

Asiatique ကို မိမိဘာသာ သွားဖို့ဆိုရင်
နိုင်ငံခြား ရောက်နေတဲ့ အချိန် ကိုယ်ပိုင်အချိန်လည်း ရှိမယ်ဆိုရင် ရိုးရှင်းတဲ့ Taxi အစား Public Transportation ကို အသုံးပြုပြီး သွားဖို့ အကြံပေးချင်ပါတယ်။ လေ့လာစရာများပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 🍀

🚂 ရထားနှင့် သွားမယ်ဆိုရင်တော့ BTS Skytrain Silom Line ကို စီးပြီး Saphan Taksin ဘူတာမှာ ဆင်းပါ။ Saphan Taksin ဘူတာဆင်းဆင်းချင်းမှာ Jetty ရှိပါတယ်။ အဲ့ဒီမှာ Asiatique ကို သွားမည့် Boat ⛴ လက်မှတ်ကို အလွယ်တကူ ဝယ်လို့ရပါတယ် ရှင့်။
Taxi 🚕 နဲ့ သွားမယ့် သူများကတော့ Asiatique လို့ ပြောလိုက်တာ နဲ့ လူတိုင်း သိတဲ့ အတွက် သိတ်ကို လွယ်ကူပါတယ်။
🔥တစ်ခု သတိပေးချင်းတာက Asiatique ကနေ ပြန်တဲ့သေင်္ဘာ က ၀၈:၀၀ နာရီ “နောက်ဆုံး” ပါ ။ ဒါကြောင့် အဲ့ထက် နောက်ကျမှ ပြန်မယ် ဆိုရင်တော့ Asiatique ကနေ Saphan Taksin ဘူတာကို Taxi ငှားမယ်ဆိုရင် ဘတ် ၁၀၀ လောက်တော့ ပေးရပါမယ် ရှင့်။🔥
ကျွန်မတို့ကတော့ က အပြန် ဘယ်တော့မှ သင်္ဘော မမှီပါဘူး။ “Asiatique” မှာ အပျော်တွေ များပြီး တည်းခိုရာ အပြန်ကို အမြဲ Taxi စီးရတယ်ရှင့်။ 😬
ဘန်ကောက်ရောက်တဲ့ အခါ Chao Phraya မြစ်ကမ်း မှာ အပန်းဖြေရင်း Shopping လည်း ထွက်နိုင်မယ့် အခွင့်အရေးကို လက်မလွတ် စေဖို့ Asiatique RiverFornt လေးအကြောင်းကို ကျွန်မတို့ Authentic Myanmar Outbound Team မှ ရေးသားဖော်ပြပေးလိုက်ပါတယ် ရှင့်။
ရွှင်လန်းချမ်းမြေ့ကြပါစေရှင့်။