လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဥရောပ (A)

ဥရောပ (A)
၁၀ ရက် ခရီးစဉ်
၅၀၀ ဒေါ်လာ

Hightlight
လေယာဉ်စီးချိန်

၁၂ နာရီ ၃၅ မိနစ်

အချိန်ကွာခြားမှု

၄ နာရီ ၃၀ မိနစ်

ရာသီဥတု

မတ်လ မှ မေလ ထိ- နွေဦးရာသီ
ဇွန်လ မှ သြဂုတ်လ ထိ - နွေရာသီ
စက်တင်ဘာလ မှ နိုဝင်ဘာလ ထိ - ဆောင်းဦးရာသီ
ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - ဆောင်းရာသီ

ဘာသာစကား

English, German, French, Italian, Spanish, Polish, Dutch, Romanian, Russian, Czech, Hungarian, Portuguese Greek, Swedish, Bulgarian, Catala, Danish, Slovak, Finnish Arabic, Lithuanian, Turkish

အဓိက အစားအစာ

Baguette, Steak-frite, Croque- monsieur, Duck confit, Jambon-beurre, Raw-milk artisanal cheeses, Croissant

သုံးစွဲသည့်ငွေ

Euro

Download Program

အီတလီနိုင်ငံသည် ဥရောပ တောင်ဖက် အလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံ ဖြစ်သည်။ အီတလီ နိုင်ငံသည် ဥရောပတိုက် ၏ တောင်ဘက်တွင် မြေထဲ ပင်လယ်ထဲသို့ ထိုးထွက် နေသော ကျွန်းဆွယ်ကြီးတစ်ခုဖြစ်၍ ပုံသဏ္ဌာန်အားဖြင့် မြင်းစီး ဖိနပ်နှင့် တူလေသည်။ ဆွစ်ဇာလန်နိုင်ငံသည် ဥရောပတိုက်၏ အလယ်ဗဟိုတွင် တောင်များပတ်လည်ဝိုင်း လျက်တည်ရှိ သော သမ္မတနိုင်ငံဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံမှ ပိုးထည်၊ ချည်ထည်၊ နာရီနှင့် ကျောက်မျက် ရတနာများထွက်ပါသည်။ လှပသောသဘာဝရှုခင်းများ ရှိသည့်အပြင် သန့်ရှင်း အေးမြခြောက်သွေ့သော လေကောင်းလေသန့် ရနိုင်သဖြင့် ဆွစ်ဇာလန်ပြည်မှာ ကျန်းမာရေးချို့တဲ့သူများ သွား ရောက်နေထိုင်ရာဖြစ်သည်ဟုလည်း ဆိုကြသည်။ ပြင်သစ် နိုင်ငံသည် အနောက်ဥရောပရှိ ပြင်သစ် မက်ထရိုပိုလစ်တန် ဒေသနှင့် အခြား ပင်လယ်ရပ်ခြား ပိုင်နက်ဒေသများ ပါဝင်သော နိုင်ငံ ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ဝိဇ္ဇာ၊သိပ္ပံနှင့် အတွေးအခေါ် ပညာရပ်နယ်ပယ်များတွင် ကမ္ဘာ့ဗဟိုဌာနအဖြစ် ကာလရှည် ကြာ တည်ရှိခဲ့သည်။ UNESCO ကမ္ဘာ့အမွေအနှစ်ဒေသများ ကမ္ဘာပေါ်တွင် စတုတ္ထအများဆုံး ပိုင်ဆိုင်သည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONDOHADOHA
DAY 022020DOHAROMEROME
DAY 032020ROMEVATICAN CITYFLORENCE
DAY 042020FLORENCEPISAVENICE
DAY 052020VENICEMILANMILAN
DAY 062020MILANMt.TITLIS / LUCERNEZURICH
DAY 072020ZURICHPARISPARIS
DAY 082020PARISPARISPARIS
DAY 092020PARISPARISPARIS
DAY 102020PARISMALAYSIAYANGON
DAY 01 YANGON DOHA

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး၊ UAE နိုင်ငံ Doha မြို့ရှိ Doha လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Doha လေဆိပ်မှ ပြန်လည်ထွက်ခွာပါမည်။ လေယာဉ်ပေါ်တွင် တစ်ညတာ အိပ်စက်အနားယူ မှာ ဖြစ်ပါတယ်။

DAY 02 DOHA ROME

Doha လေဆိပ်မှ  Rome မြို့ Fiumicino လေဆိပ်သို့ ရောက်ရှိကာ Rome မြို့ တွင်းသို့ သွားရောက်လည်ပတ်ကြ ပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။

ညစာသုံးဆောင် ကြပြီးနောက် ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနား ယူပါမည်။

DAY 03 ROME VATICAN CITY FLORENCE

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် ရှေးရောမ ခေတ်တွင် Gladiator သူရဲကောင်းများ ယှဉ်ပြိုင်စီးချင်း ထိုးခဲ့ကြသော Rome – ရောမမြို့၏ ကမ္ဘာကျော် Colosseum အဆောက်အဦးသို့ သွားရောက် လေ့လာလည်ပတ်ကြပါမည်။ ရောမသမိုင်း ဝင်တိုက်ခိုက်ရေးကွင်းကြီး Colosseum ၏ ပထမထပ်မှ ရှေးဟောင်းဧရာမခေတ် အဆောက်အဦးပျက် များရှိရာ Roman Forum ကို ကြည့်ရူလေ့လာကြမည်။ ထို့နောက် Vatican City ရှိ ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်း တစ်ခုဖြစ်သော ခရစ်တော်၏ သမိုင်းကျောင်းနှင့် ရှေးခေတ်အနုပညာ လက်ရာများကို တွေ့မြင်ရမည့်  St.Peter Basilica ဘုရားကျောင်းသို့ ဝင်ရောက်ကြည့်ရူလေ့လာပြီး St.Peter Square ရင်ပြင်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက် ၂၆ မီတာရှိသော သမိုင်းဝင် အဆောက်အဦးနှင့် ရေပန်းကြီးများရှိရာ နှစ်ပေါင်း ၂ဝဝ ကျော် သက်တမ်းရှိ ကမ္ဘာကျော် Trevi Fountain နှင့် ၁၈ ရာစုနှစ်တွင် တည်ဆောက်ခဲ့သော Piazza di Spagna (Spanish Steps) တို့ကို လမ်းလျှောက် ကြည့် ရူလေ့လာမည်။ ထို့နောက် Florence မြို့သို့ ဆက်လက်ထွက်ခွာပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။

ညစာသုံးဆောင် ကြပြီးနောက် ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 04 FLORENCE PISA VENICE

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် Pisa မြို့သို့ ဆက်လက်ထွက်ခွာ ကြပါမည်။ Pisa မြို့သို့ရောက်ရှိသောအခါ ကမ္ဘာကျော် Leaning Tower of Pisa, Square of Miracles,The Baptistery နှင့် The Duomo တို့ကိုကြည့်ရူ လေ့လာကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက် Venice မြို့သို့ ဆက်လက်ထွက်ခွာကြပါမည်။ Venice မြို့သည် Italy နိုင်ငံ မြောက်ပိုင်း တွင်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး မြို့၏အလှအပများ၊ ဗိသုကာလက်ရာများ နှင့် အနုပညာလက်ရာများကြောင့် ထင်ရှား ကျော်ကြားသည့် မြို့တစ်မြို့ ဖြစ်ပါသည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညစာသုံးဆောင် ကြပြီးနောက် ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 05 VENICE MILAN

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက် လူစည်ကားကျော်ကြားသော St. Marco’s Square ရင်ပြင်၊ အနုပညာလက်ရာမြောက်စွာ တည်ဆောက်ထားသော Basilica Church ကျောင်း၊ ထုံးကျောက်များဖြင့် တည်ဆောက်ထားသော Bridge of Sighs တံတား၊ ဖန်မှုတ်လုပ်ငန်း Glassblowers Fashion စသော အထင်ကရ နေရာများသို့ သွားရောက် လေ့လာလည်ပတ် ပါမည်။ ဆက်လက်၍ Venice တူးမြောင်းများတွင် Gondola လှေငယ်ဖြင့် လည်ပတ်ကြည့်ရူကြပါမည်။ ထိုမှတဆင့် Milan မြို့သို့ ဆက်လက်ထွက်ခွာပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညစာသုံးဆောင် ကြပြီးနောက် ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 06 MILAN Mt. TITLIS LUCERNE ZURICH

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် Engelberg အပန်းဖြေ ကျေးရွာအနီးရှိ အမြင့်ပေ ၃၂၃၈ မီတာ ရှိသော Mt. Titlis တောင် ထိပ်ပေါ်သို့ Cable ကားဖြင့် သွားရောက်လည်ပတ်ကြပါမည်။

နေ့လည်စာကို တောင်ထိပ်ရှိ ဒေသခံစားသောက်ဆိုင် တည်ခင်းဧည့်ခံပါမည်။

နှင်းတောင်ထိပ်ရှိ Glacier Cave နှင့် သဲထိတ်ရင်အေးဖွယ် Cliff Walk ကြိုးတံတားတို့ကို လည်ပတ်ကြပါမည်။ ထိုမှ တဆင့် Lucernc မြို့သို့ထွက်ခွာကာ Thorwalden’s ၏ နာမည်ကျော် ခြေင်္သေ့ရုပ်တုရှိရာ နှင့်  ရှေးအကျဆုံး သစ်သား တံတားဖြစ်သည့်  Chapel Bridge သို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် Chapel Bridge တံတားကို ဖြတ်ပြီး နာမည်ကျော်ကြားသော Jesuit Church ကျောင်း စသောအထင်ကရ နေရာများသို့ လေ့လာကြပြီး Zurich မြို့သို့ ဆက်လက်ထွက်ပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 07 ZURICH PARIS

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင် ပြီးနောက်တွင် ပြင်သစ်နိုင်ငံ Paris မြို့သို့ ဆက်လက်ထွက် ခွာပါမည်။

Paris မြို့သို့ ရောက်သောအခါ ခရီးစဉ်တလျှောက် ပင်ပန်းသမျှ ဟိုတယ်သို့ Check In ဝင်ကာ အနားယူပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

DAY 08 PARIS

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင် ပြီးနောက်တွင် Trocadero Place သို့သွားရောက်လည်ပတ်ပြီး အလှဓာတ်ပုံများရိုက်ရင်း Palais de Chaillot မှ Eiffel Tower နှင့် အမှတ်တရဓာတ်ပုံရိုက်ပါ မည်။ ထိုမှတဆင့် ကမ္ဘာကျော် Eiffel Tower သို့သွားကာ Eiffel Tower ၏ ဒုတိယထပ်သို့ သွားရောက်ကာ Paris မြို့ကြီး၏ အလှအပကို ကြည့်ရှုခံစားရင်း အချိန်ကုန်ပါမည်။ အနုပညာ ပစ္စည်းပေါင်း ၃၅၀၀၀ ကျော်ရှိပြီး သမိုင်းဝင်ပြတိုက်တစ်ခု ဖြစ်သည့်အပြင် ကမ္ဘာကျော် Monalisa ပန်းချီကား Venus de Milo ရုပ်ထုနှင့် အခြား ဗိသုကာလက်ရာများကိုပြသထားသည့် Louvre Museum သို့သွားရောက် လေ့လာ လည်ပတ်ပါမည်။ ထိုမှတဆင့် Paris မြို့၏ နာမည်ကျော် Seine မြစ်အတွင်း ၁ နာရီခန့် Seine River Cruise စီးကာ နာမည်ကျော် Eiffel Tower အပါအဝင် Seine မြစ်ကမ်းတစ်လျှောက် မြို့ရူခင်းအလှကို လည့်ပတ်ကြည့်ရူ ခံစားမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 09 PARIS

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင် ပြီးနောက်တွင် သမိုင်းဝင် Church ကျောင်းကြီး တစ်ခုဖြစ်သော Cathedral of Notre Dame သို့သွားရောက်လည်ပတ်ပါမည်။ ထိုနောက် နာမည်ကြီး Prestigious Sorbonne University တက္ကသိုလ် သို့သွားရောက်ကာ ဆက်လက်လည်ပတ်ပြီး  La Madeleine Church သို့လည်း လည်ပတ်ကြပါမည်။ ထိုမှတဆင့် နာမည်ကျော်  Arc De Triomphe မုဒ်ဦး နှင့် Champs Elysees လမ်းမကြီးသို့ သွားရောက်လည်ပတ် ကြပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညနေစာ သုံးဆောင်ပြီးနောက်တွင် Louis Vuitton, Chanel အစရှိသည့် နာမည်ကျော် ပြင်သစ် Designer အဝတ်အစားများ Branded ရေမွေး များရောင်းချ ရာ La Vallee du Village တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ချိန် ပေး ပါမည်။

ထို့နောက် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 10 PARIS DOHA YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင် ပြီးနောက်တွင် Paris မြို့၏ Charles de Gaulle Airport သို့လိုက်လံ ပို့ ဆောင် ပါမည်။ Paris မြို့၏ Charles de Gaulle အပြည်ပြည် ဆိုင်ရာလေဆိပ် မှ စတင်ထွက်ခွာပြီး UAE နိုင်ငံ Doha လေဆိပ်သို့ ဆိုက် ရောက်မှာဖြစ်ပါတယ်။ ထိုမှတဆင့် Doha လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး၊ Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာဖြစ်ပါသည်။

***ဥရောပ ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ***