လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဟောင်ကောင်/မကာအို

ဟောင်ကောင်/မကာအို
ရက် ခရီးစဉ်

Hightlight
လေယာဉ်စီးချိန်

(၆) နာရီ (၅) မိနစ်

အချိန်ကွာခြားမှု

+၁ နာရီ ၃၀ မိနစ်

ရာသီဥတု

မတ်လ မှ မေလ ထိ - နွေဦး
ဇွန်လ မှ စက်တင်ဘာလ ထိ - နွေရာသီ
အောက်တိုဘာလ မှ ဒီဇင်ဘာလ ထိ - ဆောင်းရာသီ

ဘာသာစကား

Cantonese

အဓိက အစားအစာ

Dim sum, Siu Mei, Congee, Noodles, Tong Sui, Tea cafes

သုံးစွဲသည့်ငွေ

Hong Kong Dollar

Download Program

Hong Kong မြို့သည် တရုတ်ပြည်သူ့တမ္မတ နိုင်ငံတွင် အထူးအုပ်ချုပ်ရေးရ ဒေသဖြစ်သည်။ Hong Kong သည် နိုင်ငံ တစ်ကာ အဆင့်မီ မြို့ပြကြီးဖြစ်သည့်အပြင် အရင်းရှင်စီးပွားရေးစနစ် ထွန်းကားသည့် အပြည်ပြည်ဆိုင်ရာ ငွေရေး ကြေးရေး လုပ်ငန်း အချက်အချာကျသောမြို့လည်း ဖြစ်ပါသည်။ Hong Kong သည် နိုင်ငံတကာ မြို့ပြကြီး ဖြစ်သည့် အလျောက် ၄င်း၏ရုပ်ရှင်၊ ဂီတနှင့် ဓလေ့များတွင် အနောက်တိုင်းနှင့် အရှေ့တိုင်း ယဉ်ကျေးမှုတို့ ထိတွေ့ ရောယှက်ခြင်း ကို ထင်ဟပ်ပြနေပါသည်။ Macao သည် 犀利士
g>Macao ကျွန်းဆွယ် မြောက်ဘက်တွင် တရုတ်ပြည်မကြီး နှင့် နယ်မြေခြင်း ဆက်စပ်လျက်ရှိပြီး အရှေ့ဘက်တွင် Hong Kong နှင့် ၃၀ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပါသည်။ Macao သည် ချင်မင်းဆက်ခေတ်မှ စ၍ တရုတ်အပိုင် နယ်နမိတ်ဖြစ်သည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONHONG KONGMACAO
DAY 022020MACAOMACAOHONG KONG
DAY 032020HONG KONGHONG KONGHONG KONG
DAY 042020HONG KONGHONG KONGHONG KONG
DAY 052020HONG KONGHONG KONGYANGON
DAY 01 YANGON HONG KONG MACAO

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ် မှစတင်ထွက်ခွာပြီး Hong Kong အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသခံ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး Macao သို့ ဆက်လက်ထွက်ခွာပြီး ဟိုတယ်သို့ Check-in ၀င်ကာ ခေတ္တခဏ အနားယူမည် ဖြစ်ပါသည်။ ထို့နောက် ၁၆၀၂ ခုနှစ်တွင် ယေရှုခရစ်တော် တည်ထောင်ခဲ့သော The Ruins St.paul ခရစ်ယာန်ကျောင်းတော်ကြီးသို့ သွားရောက် လည်ပတ်လေ့လာပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက် ၁၄၈၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး Macao မြို့ရှိ ရှေးအကျဆုံး ဘုရားကျောင်း တစ်ခုဖြစ်သော Ma Temple သို့ သွားရောက်ဖူးမျှော်ပါမည်။ ထိုမှတစ်ဖန် ကြေးနီ ၆.၅ တန်နှင့် တည်ဆောက်ထားပြီး ၆ မီတာ အမြင့်ရှိသော ကြာပန်းကြီးဖြင့် လှပနေသော The Lotus Flower ရင်ပြင်သို့သွားရောက်လည်ပတ်ပြီးနောက်တွင် Vietian Casino သို့ သွားရောက်လေ့လာ လည်ပတ်ပါဦးမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ ပြန်ကာ အိပ်စက် အနားယူပါမည်။

DAY 02 MACAU HONG KONG

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Hong Kong သို့ ပြန်လည် ထွက်ခွာပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် Hong Kong မြို့ရှိ Disney Land သို့ သွားရောက်ပြီး ကစားနည်းမျိုးစုံကို ပျော်ရွှင်စွာ ဆော့ကစား လည်ပတ်ကြပါ မည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ ပြန်ကာ အိပ်စက် အနားယူပါမည်။

DAY 03 HONG KONG

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် Victoria ဆိပ်ကမ်းတွင် တည်ရှိပြီး ကြယ်ပွင့်များ၏ ရိပ်သာလမ်းဟု အမည်ရသော Bruce Lee မင်းသားကြီး နှင့် နာမည်ကြီး သရုပ်ဆောင်များ၏ ရုပ်ထုများရှိရာ Avenue of Star ၊ ရွှေရောင် သစ်ခွပန်းပုံ ရှိသော နာမည်ကြီး Golden Bauhinia ရင်ပြင်တို့ကို သွားရောက် လေ့လာ လည်ပတ်ကြပါမည်။

နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက် ပင်လယ်ကမ်းခြေတွင် တည်ဆောက်ထားပြီး ပျော်စရာ ကစားနည်းများ ရှိရာ Ocean Park သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် Times Square တွင် အမှတ်တရာ လက်ဆောင်ပစ္စည်းများ မိမိ စိတ်ကြိုက် ၀ယ်ယူနိုင်ရန် စျေးဝယ်ထွက်ပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ ပြန်ကာ အိပ်စက် အနားယူပါမည်။

DAY 04 HONG KONG

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Victoria တောင်ထိပ်ပေါ်သို့ ရထားဖြင့် သွားရောက်ပြီး လေ့လာလည်ပတ်ပါမည်။

နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

ထို့နောက် နာမည်ကြီး မင်းသား၊ မင်းသမီးများ၏ ဖယောင်းရုပ်ထုများ နှင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးနိုင်သည့် Madame Tussauds သို့ သွားရောက် လည်ပတ်ပြီး Ladies Street တွင် စျေးဝယ်ထွက်ပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ ပြန်ကာ အိပ်စက် အနားယူပါမည်။

DAY 05 HONG KONG YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Lantau ကျွန်းသို့ သွားရောက်လည်ပတ် ပါမည်။ ထိုကျွန်းရှိ Tian Tan Buddha ဘုရားကြီးကို လည်းသွားရောက် ဖူးမျှော်ကြပါမည်။

နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထိုမှတစ်ဆင့် Citygate Outlets တွင် အမှတ်တရ လက်ဆောင်များ ၀ယ်ရန် စျေးဝယ် ထွက်ပြီးနောက် ဟောင်ကောင် လေဆိပ်သို့ လိုက်လံ ပို့ဆောင်ပါ မည်။ ထို့နောက် Hong Kong အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Yangon အပြည် ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာပါမည်။

**ဟောင်ကောင်-မကာအို ခရီးစဉ်ပျော်ရွှင်စွာပြီးဆုံးပါပြီ**