လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

သြစတြေးလျ (A)

သြစတြေးလျ (A)
ရက် ခရီးစဉ်

Hightlight
လေယာဉ်စီးချိန်

(၁၁) နာရီ (၄၅) မိနစ်

အချိန်ကွာခြားမှု

+၄ နာရီ ၃၀ မိနစ်

ရာသီဥတု

ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - 20° C to 35° C
ဇွန်လ မှ သြဂုတ်လ ထိ - 3° C to 20° C
စက်တင်ဘာလ မှ နိုဝင်ဘာလ ထိ - 8° C to 20° C

ဘာသာစကား

Fnglish

အဓိက အစားအစာ

ပေါင်မုန့်၊ အသီးအရွက် နှင့် အသား

သုံးစွဲသည့်ငွေ

Australian dollar ( သြစတြေးလျန် ဒေါ်လာ)

Download Program

သြစတြေးလျဓနသဟာရနိုင်ငံဟု ခေါ်ဆိုသော သြစီတြေးလျနိုင်ငံသည် ကမ္ဘာတောင်ဘက်ခြမ်းတွင် တည်ရှိပြီး ကမ္ဘာပေါ် တွင် နိုင်ငံတစ်ခုတည်းက သြစတြေးလျတိုက် တစ်ခုလုံးကိုနေရာယူထားသော နိုင်ငံဖြစ်ပါသည်။ သြစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် ၁၃ ခုမြောက်စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်သည့် အပြင် နဝမမြောက် ဝင်ငွေအများဆုံးနိုင်ငံ ဖြစ်သည်။ သြစတြေးလျနိုင်ငံသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့တွင် အဘက်ဘက်မှ အရှိန် အဟုတ်ဖြင့် အလျင်အမြန် ဖွ့ံဖြိုးတိုးတက်သောနိုင်ငံလည်းဖြစ်ပါသည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONBANGKOKSYDNEY
DAY 022020SYDNEYSYDNEYSYDNEY
DAY 032020SYDNEYSNOWY MOUNTAIN COOMASYDNEY
DAY 042020SYDNEYPERISHER SNOW&SKI RESORTSYDNEY
DAY 052020SYDNEYTHREDBO SNOW&SKI RESORTSYDNEY
DAY 062020SYDNEYCANBERRASYDNEY
DAY 072020SYDNEYBANGKOKYANGON
DAY 01 YANGON BANGKOK SYDNEY

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှစတင်ထွက်ခွာပြီး Bangkok အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည် ဖြစ်သည်။ Bangkok အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကာ Sydney အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ဆိုက်ရောက်ပြီး ဟိုတယ်သို့လိုက်လံပို့ဆောင်ပါမည်။ နေ့လည်ခင်းတွင် အေးဆေးစွာ အနားယူပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညနေခင်း တွင် သာယာလှပသော Bondi Beach သို့သွားရောက်လည်ပတ်ကာ လမ်းလျှောက်ရင်းစျေးဝယ်ထွက်ပါမည်။

ညနေစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 02 SYDNEY

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် Sydney တရုတ်မြို့တော်ရှိ တရုတ်ပန်းခြံ Chinese Garden နှင့် Sydney Heritage Tall Ship သင်္ဘောကြီး စသည့်နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက်တွင် Harbourside Shopping Mall တွင်စျေးဝယ်ထွက်ကြပါမည်။

နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် Sydney မြို့ရှိ ရေနေသတ္တဝါပြတိုက် သို့သွားရောက်လည်ပတ်ပါမည်။ သြစတြေးလျနိုင်ငံ၏ အထင်ကရနေရာတစ်ခုဖြစ်သော Opera House သို့သွား ရောက်လည်ပတ်ပြီး နေဝင်ချိန်ကို သွားရောက်ကြည့်ရှု့ပါမည်။ ညပိုင်းတွင် လမ်းလျှောက်ထွက်ပြီး ဒါလင်ဆိပ်ကမ်း (Darling Harbor) သို့သွားရောက် လည်ပတ်ပါမည်။ ထို့နောက်တွင် Harborside Shopping Centre တွင်စျေးဝယ်ထွက်ရင်း အမှတ်တရပစ္စည်း များဝယ်ယူပါမည်။

ညစာကို သြစတြေးလျနိုင်ငံတွင် နာမည်ကြီးသော The Star Casino International Buffet တွင် သုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 03 SNOWY MOUNTAIN COOMA

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးေးဆာင်ပြီးနောက်တွင်  Sydney မြို့ရှိ Snowy Mountains သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် တွင် သြစတြေးလျနိုင်ငံ၏မြို့တော်ဖြစ်သော Canberra မြို့သို့ ဆက်လက်ထွက်ခွာ ပါမည်။

နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင်  Cooma မြို့သို့ ဆက်လက်ထွက်ခွာပါမည်။

ညနေစာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 04 PERISHER SNOW&SKI RESORT

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးေးဆာင်ပြီးနောက်တွင်  Perisher Snow & Ski Resort သို့သွား ရောက်လည်ပတ်ရင်း ပျော်ရွှင်စွာနင်းလျှောစီးခြင်းကို စတင်ပါမည်။ နှင်းလျှောစီး ရန် စကိတ်ဘုတ်များဖြင့် သင်တန်းပေးခြင်းစတင်ပြီး နှင်းလျှောစီးခြင်းကို ပျော်ရွှင်စွာ ကစားကြပါမည်။

ထို့နောက်တွင် Snow resort တွင်နေ့လည်စာသုံးဆောင်ပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် စွန့်စားပျော်ရွှင်ဖွယ် နှင်းလျှောစီး ပြီးနောက် Chair Lift စီးပြီးကာ ညနေခင်းတွင် ဟိုတယ်သို့ပြန်လာပါမည်။

ညနေစာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 05 THREDBO SNOW&SKI RESORT

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် Thredbe Snow & Ski Resort သို့သွား ရောက်လည်ပတ်ရင်း ပျော်ရွှင်စွာနှင်းလျှောစီးခြင်းကို စတင်ပါမည်။ နှင်လျှောစီး ရန် စကိတ်ဘုတ်များဖြင့် သင်တန်းပေးခြင်းစတင်ပြီး နှင်းလျှောစီးခြင်း ပျော်ရွှင် စွာကစားကြပါမည်။

ထို့နောက်တွင် Thredo Mountain Base တွင်နေ့လည်စာသုံးဆောင်ပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် စွန့်စားပျော်ရွှင်ဖွယ် နှင်းလျှောစီးပြီး နောက် Chair Lift စီးပြီးကာ နေ့လည်ခင်းတွင် Canberra မြို့ရှိ ဟိုတယ်သို့ ပြန်ကာအနားယူပါမည်။ ဟိုတယ်တွင်ညစာသုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။

ညစာကို ဟိုတယ်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

DAY 06 CANBERRA

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် သြစတြေးလျနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သော Camberra မြို့သို့သွားရောက် လည်ပတ်ပါမည်။ ထို့နောက်တွင် Canberra Restaurant တွင်နေ့လည်စာသုံးဆောင်ပါမည်။ Canberra မြို့ရှိနာမည်ကြီး အထင်ကရနေရာများဖြစ်သော Parliament House, Australia War Memorial, National Museum, Lake Burley Griffin, Captain Cook Memorial စသောနေရာများသို့ သွားရောက်လည်ပတ် ပါမည်။

ထို့နောက်တွင် Sydney မြို့သို့ပြန်လည် ထွက်ခွာပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်း ဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ Check-in  ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 07 SYDNEY BANGKOK YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် နံနက်ခင်းပိုင်းခေတ္တအနားယူပြီး စျေးဝယ် ထွက်ပါမည်။ နေ့လည်ပိုင်းတွင် ခရီးစဉ်ပြီးဆုံးပြီ ဖြစ်ပါသဖြင့် လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးပါမည်။ Sydney  မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင် ထွက်ခွာပြီး Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်

 

***ဩစတြေးလျ ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ***