လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

မလေးရှား (A)

မလေးရှား (A)
ရက် ခရီးစဉ်

Hightlight
လေယာဉ်စီးချိန်

(၂) နာရီ (၄၅) မိနစ်

အချိန်ကွာခြားမှု

+ ၁ နာရီ ၃၀ မိနစ်

ရာသီဥတု

မတ်လ မှ မေလ ထိ - 33° C to 23° C
ဇွန်လ မှ သြဂုတ်လ ထိ - 32° C to 22° C
စက်တင်ဘာလ မှ နိုဝင်ဘာလ ထိ - 33° C to 22° C
ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - 31° C to 20° C

ဘာသာစကား

Malay

အဓိက အစားအစာ

ထမင်း၊ အသီးအရွက်နှင့် အသား

သုံးစွဲသည့်ငွေ

Malaysian ringgit ( မလေးရှား ရင်းဂစ်)

Download Program

Malaysia နိုင်ငံသည် ဖက်ဒရယ်犀利士
စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အရှေ့တောင် အာရှ တွင် တည်ရှိသည်။ မြို့တော်မှာ Kuala Lumpur မြို့ ဖြစ်ပြီး ဖက်ဒရယ် အစိုးရ ရုံးထိုင်ရာမြို့မှာ Putrajaya မြို့ ဖြစ်သည်။ Kuala Lumpur မြို့သည် လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး အရှေ့တောင်အာရှတွင် လူဦးရေ နှင့် စီးပွားရေး အရ အလျှင် အမြန်ဆုံး ကြီးထွားနေသည့် မြို့ပြဒေသဖြစ်ပါသည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONMALAYSIAGENTING HIGHLANDS
DAY 022020GENTING HIGHLANDSBERJAYA HILLSKUALA LUMPUR
DAY 032020KUALA LUMPUR SUNWAY LAGOONKUALA LUMPUR
DAY 042020KUALA LUMPUR MALAYSIAYANGON
DAY 01 YANGON KUALA LUMPUR GENTING HIGHLANDS

 

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး၊ Malaysia နိုင်ငံ Kuala Lumpur လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ လေဆိပ်တွင် ဒေသခံ ဧည့်လမ်းညွှန်က လာရောက်ကြိုဆိုပြီး Malaysia နိုင်ငံ Casino Resort ဖြစ်သော တောင်ပေါ်အပန်းဖြေ စခန်းဖြစ်သည့် Genting Highlands Resorts သို့ ဆက်လက်ထွက်ခွာပါမည်။

ညနေစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါသည်။

ဟိုတယ်သို့ Check In ဝင်ကာ အနားယူပါမည်။

DAY 02 GENTING HIGHLANDS BERJAYA HILLS KUALA LUMPUR

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် Berjaya Hills သို့ သွားရောက်လည်ပတ်ကြပါမည်။ ပြင်သစ်နိုင်ငံ Alsace ဒေသရှိ ရှေးဟောင်း ဗိသုကာလက်ရာများဖြင့်တည်ဆောက်ထားသည်များကို လေ့လာနိုင်မည့် ၈၂၀ မီတာမြင့်တွင်ရှိသော အပန်းဖြေစခန်းဖြစ်သည့် Colmar Tropicale သို့ သွားရောက်လည်ပတ်ကြမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Japanese Tea House & Botanical Gardens သွားရောက်လည်ပတ်ကြမှာ ဖြစ်ပါတယ်။

နေ့လည်စာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင်  Malaysia နိုင်ငံ Gombak, Selangor ဒေသတွင် ရှိသော ထုံးကျောက်တောင်ကုန်း တစ်ခုဖြစ်သည့် ဂူများ နှင့် ဘုရားကျောင်းဂူများ တစ်ခုဖြစ်သည့် Batu ဂူသို့ သွားရောက်လေ့လာ လည်ပတ်ကြပါမည်။ လက်ဆောင် ပစ္စည်းများဝယ်ရန် လည်းပို့ဆောင်ပေးပါမည်။

ညနေစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါသည်။

ဟိုတယ်သို့ Check In ဝင်ကာ အနားယူပါမည်။

DAY 03 KUALA LUMPUR SUNWAY LAGOON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် National Mosque၊ Independence Square၊ New King’s Palace နှင့် Chocolate House၊ Thien Hau Temple၊ The House of Parliament နှင့် National Monument တို့ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ရေလွှာလျှောစီးနှင့် ကမ်းခြေတုများ၊ သရဲအိမ်၊ Rooler Coaster စသော ရင်သပ်ရှုမောဖွယ် ကစားနည်းပေါင်းစုံ ကစားရင်း ချစ်စရာ တရိစ္ဆာန်များစွာကို လေ့လာနိုင်မည့် Sunway Lagoon Theme Park သို့ပို့ဆောင်ပေး ပါမည်။ ထို့မှ တဆင့် ဗီသုကာလက်ရာများ နှင့် Kuala Lumpur မြို့အလှကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ရန် ကမ္ဘာ့ အမြင့်ဆုံး အဆောက်အဦးအဖြစ် ရပ်တည်ခဲ့သည့် Petronas Twin Towers သို့ သွားရောက်လေ့လာ လည်ပတ်ပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 04 KUALA LUMPUR YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် မိမိစိတ်ကြိုက်အနားယူ လည်ပတ်နိုင်ပါ သည်။ ထို့နောက် Malaysia နိုင်ငံ Kuala Lumpur လေဆိပ်သို့ လိုက်လံပို့ ဆောင်ပါမည်။ Kuala Lumpur လေဆိပ်မှ စတင် ထွက်ခွာပြီး၊ Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါသည်။

***မလေးရှား ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ***