လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဘာလီ (C)

ဘာလီ (C)
ရက် ခရီးစဉ်
၅၀၀ ဒေါ်လာ

Hightlight
လေယာဉ်စီးချိန်

၇ နာရီ

အချိန်ကွာခြားမှု

၁ နာရီ ၃၀ မိနစ်

ရာသီဥတု

မေလ မှာ စက်တင်ဘာလ ထိ - 31° C to 32° C
အောက်တိုဘာလ မှ ဧပြီလ ထိ - 28° C to 32° C

ဘာသာစကား

Malayo - Polynesian

အဓိက အစားအစာ

ထမင်း၊ အသီးအရွက် နှင့် အသား

သုံးစွဲသည့်ငွေ

Rupiah (ရူပီယာ)

Download Program

ဘာလီကျွန်းသည် အင်ဒိုနီးရှားနိုင်ငံ၏ တောင်ကုန်းတောင်တန်းများ၊ ကမ်းရိုးတန်းများ၊ လှပသော သဲသောင်ပြင်များ နှင့် ကမ်းခြေကို ပိုင်ဆိုင်ထားသည့်အပြင်၊ ထင်ရှားကျော်ကြားသော ဘုရားကျောင်းများ ရှိသည့် ကျွန်းတစ်ကျွန်း လည်း ဖြစ်ပါသည်။ ထို့အပြင် ထူးခြားသော ယဉ်ကျေးမှုထွန်းကားရာ၊ မီးငြိမ်းတောင် များတည််ရှိရာ ရှုမောဖွယ် သဘာဝ အလှအပများ ဖြစ်ထွန်းတည်ရှိနေသော ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONMALAYSIAMALAYSIA
DAY 022020MALAYSIABALIBALI
DAY 032020BALIBALIBALI
DAY 042020BALIBALIBALI
DAY 052020BALIMALAYSIAYANGON
DAY 01 YANGON MALAYSIA BALI

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး၊ Malaysia နိုင်ငံ Kuala Lumpur လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Malaysia နိုင်ငံ Kuala Lumpur  လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး  Indonesia နိုင်ငံ Denpasar မြို့ရှိ Ngurah Rai  အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ မည်ဖြစ်သည်။ လေဆိပ်တွင်ဒေသခံဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပါ မည်။

ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 02 BALI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင် ပြီးနောက်တွင် ဘာလီ၏ သဲဖြူဖြူလေးများနှင့် လှပနေ သော Pandawa Beach  သို့ သွားရောက်လည်ပတ်ပါမည်။

နေ့လည်စာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။

ထို့နောက်တွင် (၁၁) ရာစုက တည်ဆောက်ခဲ့သော Bali  ရဲ့ Landmark တစ်ခု ဖြစ်ပြီး ၇၀ မီတာ မြင့်သော ကျောက်ကမ်းပါးပေါ်တွင် တည်ထားသည့် Temple တခုဖြစ်သော Uluwata Temple သို့သွားရောက်လည်ပတ်ရင်း ညနေခင်းဆည်း ဆာအလှကို ခံစားကာ Kecak Dance ကို ကြည့်ရှုကြပါမည်။  ထို့နောက် နာမည် ကြီး Jimbaran Beach သို့သွားရောက် ကြပါမည်။

ညစာကို Jimbaran Beach တွင် Seafood ဖြင့် တည်ခင်းဧည့်ခံ ပါမည်။

ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 03 BALI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးေးဆာင်ပြီးနောက်တွင် Instragram တွင် နာမည်ကြီးသော အလှဓာတ်ပုံများလည်းရိုက်ကူးလို့ရသည့် Handara Gate နှင့် Wanagiri Hidden Hills သို့သွားရောက်လည်ပတ် ကြပါမည်။ ထို့နောက် Bedugul ဒေသရှိ Bratan ရေကန်တွင် တည်ရှိသော Ulun Danu Temple သို့ သွားရောက်လည် ပတ်ပါမည်။

နေ့လည်စာကို အင်ဒိုလူမျိုးတို့၏ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံပါ မည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် မီးတောင်ကျောက် စွန်းများပေါ်တွင် တည်ဆောက်ထားသော Hindu လူမျိုးတို့ ကိုးကွယ်ယုံကြည်သည့် Floating Temple ဟုထင်ရှားသော Tanah Lot Temple သို့ သွားရောက်လည်ပတ်ကြပါမည်။ Tanah Lot Temple သည်လည်း ဘာလီ၏ ညနေခင်း နေဝင်ဆည်းဆာအလှကို ခံစားလို့ရသည့် နာမည်ကြီး နေရာများ ထဲမှ တစ်ခုလည်း ဖြစ်ပါသည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 04 BALI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက် ဘာလီ ၏ အထင်ကရ နေရာတစ်ခုဖြစ်သော Bali Swing သို့သွားပြီး ဘာလီရောက်လျှင် Bali Swing မစီးပဲ မပြန်လာနဲ့လို့ ပြောကြသလို Bali Swing ကိုစီးကာ အလှဓာတ်ပုံများရိုက်ကူးကြမည် ဖြစ်သည့်အပြင် ငှက်သိုက် ကလေးများနှင့်လည်း ဓာတ်ပုံ ရိုက်ကူးနိုင်ပါသည်။ ထို့နောက် Kintamani Volcano နှင့် Lake View သို့သွားရောက် လေ့လာ လည်ပတ်ကြပါမည်။ ထိုမှ တဖန် Tampaksiring မြို့ အနီးတွင်ရှိသော ဒေသခံ Hindu လူမျိုးတို့၏ ရိုးရာဓလေ့အရ ယုံကြည်စွာ ကိုးကွယ်ဆု တောင်းကြသည့် Tirta Empul Temple ဟုခေါ်သော Holy Spring Temple ဖြစ်သည့် ကြည်လင် သန့်စင်သည့် ရေပူစမ်းရှိရာ ဘုရားကျောင်းသို့ သွားရောက်ကာ လေ့လာလည် ပတ်ရင်း ဝတ်ပြုဆုတောင်း ကြပါမည်။ ထို့နောက် Luwak Coffee သို့ ပြုလုပ်ရာသို့ သွားရောက်လည်ပတ်ရင်း အမှတ်တရ လက်ဆောင်များ ဝယ်ကြပါမည်။ ထို့နောက် Tegalalang Rice Terrace သို့သွားရောက်လည်ပတ်ရင်း ရှု့ခင်းများ ကိုခံစားပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 05 BALI YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် ဟိုတယ်မှ Check out ထွက်ကာ မီတာ ၁၂၀ ရှိသော Lord Vishnu ရုပ်ထု နှင့် ၈၀ မီတာ ခန့်ရှိသော Garuda ရုပ်ထုကြီး ရှိရာ Garuda Wisnu kencana Cultural Park (GWK Park) သို့သွားရောက် လေ့လာလည်ပတ်ကြပါမည်။

နေ့လည်စာ ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက် ဘာလီအပြန် အမှတ်တရ လက်ဆောင်ပစ္စည်း များ ဝယ်ယူရန် လိုက်လံ ပို့ဆောင်ပေးပါမည်။

ထို့နောက် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညစာသုံးဆောင်ပြီး နောက် Indonesia နိုင်ငံ Denpasar မြို့ရှိ Ngurah Rai  အပြည်ပြည် ဆိုင်ရာလေဆိပ် သို့လိုက်လံ ပို့ ဆောင်ပါမည်။ Ngurah Rai  အပြည်ပြည် ဆိုင်ရာလေဆိပ် မှ စတင်ထွက်ခွာ ပြီး Malaysia နိုင်ငံ Kuala Lumpur လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Kuala Lumpur လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး၊ Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ရှိ မှာဖြစ်ပါသည်။

***ဘာလီ ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ***