လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဘာလီ (B)

ဘာလီ (B)
ရက် ခရီးစဉ်
၅၀၀ ဒေါ်လာ

Hightlight
လေယာဉ်စီးချိန်

၇ နာရီ

အချိန်ကွာခြားမှု

၁ နာရီ ၃၀ မိနစ်

ရာသီဥတု

မေလ မှာ စက်တင်ဘာလ ထိ - 31° C to 32° C
အောက်တိုဘာလ မှ ဧပြီလ ထိ - 28° C to 32° C

ဘာသာစကား

Malayo - Polynesian

အဓိက အစားအစာ

ထမင်း၊ အသီးအရွက် နှင့် အသား

သုံးစွဲသည့်ငွေ

Rupiah (ရူပီယာ)

Download Program

ဘာလီကျွန်းသည် အင်ဒိုနီးရှားနိုင်ငံ၏ တောင်ကုန်းတောင်တန်းများ၊ ကမ်းရိုးတန်းများ၊ လှပသော သဲသောင်ပြင်များ နှင့် ကမ်းခြေကို ပိုင်ဆိုင်ထားသည့်အပြင်၊ ထင်ရှားကျော်ကြားသော ဘုရားကျောင်းများ ရှိသည့် ကျွန်းတစ်ကျွန်း လည်း ဖြစ်ပါသည်။ ထို့အပြင် ထူးခြားသော ယဉ်ကျေးမှုထွန်းကားရာ၊ မီးငြိမ်းတောင် များတည််ရှိရာ ရှုမောဖွယ် သဘာဝ အလှအပများ ဖြစ်ထွန်းတည်ရှိနေသော ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONMALAYSIAMALAYSIA
DAY 022020MALAYSIABALIBALI
DAY 032020BALIBALIBALI
DAY 042020BALIBALIBALI
DAY 052020BALITURTLE ISLANDBALI
DAY 062020BALIBALIBALI
DAY 072020BALIMALAYSIAYANGON
DAY 01 YANGON MALAYSIA BALI

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး၊ Malaysia နိုင်ငံ Kuala Lumpur လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Malaysia နိုင်ငံ Kuala Lumpur  လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး  Indonesia နိုင်ငံ Denpasar မြို့ရှိ Ngurah Rai  အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည် ဖြစ်သည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။

ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 02 BALI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် မီတာ ၁၂၀ ရှိသော Lord Vishnu ရုပ်ထု နှင့် ၈၀ မီတာ ခန့်ရှိသော Garuda ရုပ်ထုကြီးရှိရာ Garuda Wisnu kencana Cultural Park (GWK Park) သို့သွားရောက် လေ့လာ လည်ပတ်ကြပါမည်။ ထိုမှတဆင့် Bukit Peninsula တွင်ရှိသော ကမ္ဘာလှည့်ခရီးသွားများ နှစ်သက် သဘောကျသည့် Padang Padang Beach သို့သွားရောက် လည်ပတ်ကြပါ မည်။ ထို့နောက်တွင် (၁၁) ရာစုက တည်ဆောက်ခဲ့သော Bali  ရဲ့ Landmark တစ်ခုဖြစ်ပြီး ၇၀ မီတာ မြင့်သော ကျောက်ကမ်းပါးပေါ်တွင် တည်ထားသည့် Temple တခုဖြစ်သော Uluwata Temple သို့သွားရောက်လည်ပတ်ရင်း ညနေဆည်းစာအလှကို ခံစားကာ Kecak Dance ကို ကြည့်ရှုကြပါမည်။  ထို့နောက် နာမည်ကြီး Jimbaran Beach သို့သွားရောက် အပန်းဖြေပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။

ညစာကို Jimbaran Beach တွင် Seafood ဖြင့် တည်ခင်းဧည့်ခံ ပါမည်။

ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 03 BALI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Bali ၏ ဒုတိယအကြီးဆုံး ဘုရားကျောင်း ဖြစ်သည့် Taman Ayun Temple သို့ သွားရောက် လည်ပတ်ကြပါမည်။ ထိုမှ တဖန် ဘာလီ ကော်ဖီတို့လည်း Spices Garden တွင် သောက်သုံးကြပါမည်။  ထို့နောက် Bedugul ဒေသရှိ Bratan ရေကန်တွင် တည်ရှိသော Ulun Danu Temple သို့ သွားရောက်လည် ပတ်ပါ မည်။

နေ့လည်စာကို အင်ဒိုလူမျိုးတို့၏ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် မီးတောင်ကျောက် စွန်းများပေါ်တွင် တည်ဆောက်ထားသော Hindu လူမျိုးတို့ ကိုးကွယ်ယုံကြည်သည့် Floating Temple ဟုထင်ရှားသော Tanah Lot Temple သို့ သွားရောက် လည်ပတ် ကြပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 04 BALI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Bali ၏ အရှေ့ဘက်အခြမ်းတွင်ရှိသော နေရာများသို့ သွားရောက် လည်ပတ်ကြပါမည်။ ၁၁ ရာစုနှစ်လက်ရာများနဲ့ ဟိန္ဒူဘာသာဝင်တို့ တန်ဖိုးထားရာ Bat Cave Temple ။ နိဗ္ဗာန်တခါးဟု တင်စား ရလောက်အောင် လှသည့် Heavens Gate, ရေပေါ် နန်းတော် Taman ujung water palace တို့ကိုသွားရောက်လည်ပတ်ကြပါမည်။

နေ့လည်စာကို အင်ဒိုလူမျိုးတို့၏ ရိုးရာအစားအသောက် များဖြင့် တည်ခင်းဧည့်ခံ ပါမည်။

နေ့လည်စာ သုံးဆောင်ပြီး နောက်တွင် Lempuyang Heaven Gate Temple တို့ကို သွားရောက်လည်ပတ်ကာ အလှဓါတ်ပုံများ ရိုက်ကူးကြပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 05 BALI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Hotel မှ Tanjung Benoa Beach သို့ သွားရောက်ကြပါမည်။ Tanjung Benoa Beach သို့ရောက်သော အခါ Glass Boat ဖြင့် Turtle island သို့ ဆက်လက် ထွက်ခွာပါမည်။ Turtle island သို့သွားရာ လမ်းတွင် Snorkeling လည်း ပြုလုပ်နိုင်ပါတယ်။  Turtle island သို့ Glass Boat  နှင့် သွားရသည် ဖြစ်သည့်အတွက် ဘုတ်အောက်ခြေမှာ မှန်သားပြင် ဖြစ်ရာ ရေလမ်း ခရီးတလျှောက်တွင် ပင်လယ်ထဲမှ သတ္တဝါ လေးများ ကိုလည်း ကြည့်ရှုခံစား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Turtle island သို့ရောက်သောအခါ လိပ်မျိုးပေါင်း များစွာကို မည့်သို့ ထိန်းသိမ်း စောင့်ရှောက်ထားသည်ကိုလည်း လေ့လာ နိုင်မှာ ဖြစ် ပါတယ်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံ ပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 06 BALI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Kintamani Volcano နှင့် Lake View သို့သွားရောက် လေ့လာ လည်ပတ်ကြပါမည်။ ထို့နောက် Luwak Coffee သို့ ပြုလုပ်ရာသို့ သွားရောက်လည်ပတ်ရင်း အမှတ်တရ လက်ဆောင်များ ဝယ်ကြပါမည်။ ထိုမှ တဖန် Tampaksiring မြို့ အနီးတွင်ရှိသော ဒေသခံ Hindu လူမျိုးတို့၏ ရိုးရာဓလေ့အရ ယုံကြည်စွာ ကိုးကွယ်ဆု တောင်းကြ သည့် Tirta Empul Temple ဟုခေါ်သော Holy Spring Temple ဖြစ်သည့် ကြည်လင်သန့်စင်သည့် ရေပူစမ်းရှိရာဘုရားကျောင်းသို့ သွားရောက်ကာ လေ့လာလည်ပတ်ရင်း ဝတ်ပြုဆုတောင်း ကြပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 07 BALI MALAYSIA YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် လေယာဉ်ကွင်းသို့ မထွက်ခွာမီ မိမိစိတ် ကြိုက် အနားယူ လည်ပတ်နိုင်ပါသည်။ ထို့နောက် Ngurah Rai  အပြည်ပြည် ဆိုင်ရာလေဆိပ် သို့လိုက်လံပို့ဆောင်ပြီး လေဆိပ်မှ စတင် ထွက်ခွာကာ Kuala Lumpur လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Kuala Lumpur လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး၊ Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာဖြစ်ပါသည်။

***ဘာလီ ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ**