လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဗုဒ္ဓဂါယာ

ဗုဒ္ဓဂါယာ
ရက် ခရီးစဉ်
၅၅၀ ဒေါ်လာ

Hightlight
လေယာဉ်စီးချိန်

၈ နာရီ ၁၀ မိနစ်

အချိန်ကွာခြားမှု

- ၁ နာရီ

ရာသီဥတု

ဖောဖော်ဝါရီလ မှ ဧပြီလ ထိ - နွေဦးရာသီ
ဧပြီလ မှ ဇွန်လ ထိ - နွေရာသီ
ဇွန်လ မှ သြဂုတ်လ ထိ - မုတ်သုန်ရာသီ
သြဂုတ်လ မှ အောက်တိုဘာလ ထိ - ဆောင်းဦးရာသီ
အောက်တိုဘာလ မှ ဒီဇင်ဘာလ ထိ - ကြိုတင်ဆောင်းရာသီ
ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - ဆောင်းရာသီ

ဘာသာစကား

Hindi , English

အဓိက အစားအစာ

ပုလဲပြောင်းဆန်၊ ဆန်၊ ဂျုံမှုန့်၊ ပဲလေးအမျိုးမျိုး၊ အနီရောင်ပဲဟင်း၊ ခိုပဲ၊ ဥရဒ် ( အနက်ရောင်ဂရမ်)၊ ပဲစေ့။

သုံးစွဲသည့်ငွေ

Indian rupee

Download Program

ဂါယာမြို့သည် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၏ ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ဂါယာခရိုင်၏ မြို့တော် ဖြစ်သည်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ နှင့် ဂျိမ်းဘာသာ ကိုးကွယ်သူ တို့အတွက် အထွတ်အမြတ် ဌာနတစ်ခု ဖြစ်သည်။ ဂါယာမြို့တွင် သဘာဝ အတိုင်းရှိသော နေရာများ၊ ရှေးဟောင်း အဆောက်အအုံများနှင့် လမ်းကျဉ်းကလေးများ ရောထွေးနေသည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020ရန်ကုန်ဗုဒ္ဓဂါယာဗုဒ္ဓဂါယာ
DAY 022020ဗုဒ္ဓဂါယာဗာရာဏသီဗာရာဏသီ
DAY 032020ဗာရာဏသီသာဝတ္ထိသာဝတ္ထိ
DAY 042020သာဝတ္ထိလုမ္ဗိနီလုမ္ဗိနီ
DAY 052020လုမ္ဗိနီကုသိနာရုံကုသိနာရုံ
DAY 062020ကုသိနာရုံဝေသာလီ ရာဇဂြိုလ်
DAY 072020ရာဇဂြိုလ်ဗုဒ္ဓဂါယာဗုဒ္ဓဂါယာ
DAY 082020ဗုဒ္ဓဂါယာရန်ကုန်
DAY 01 ရန်ကုန် ဗုဒ္ဓဂါယာ

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ဂါယာ လေဆိပ်သို့ရောက်ရှိပါမည်။ လေဆိပ်သို့ရောက်ရှိသည်နှင့် ဒေသခံဧည့်လမ်း ညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆို ပါမည်။

နေ့လည်စာကို Hotel တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် ခေတ္တအနားယူကာ အတောင်ရှစ်ဆယ် ဂျပန်ဘုရား ၊ သီရီဓမ္မာသောကမင်းကြီး စတင် တည်ထားခဲ့သော မဟာဗောဓ ိစေတီမဟာဗောဓိပင်နှင့် မြတ်ဘုရားရှင်သဗ္ဗညုတဉာဏ်တော် ကိုရရှိပြီး မာရ်နတ်သား အပါအဝင် မာရ်ငါးပါးကိုအောင်မြင်တော် မူခဲ့ရာ အပရာဇိတ ပလ္လင် သို့သွားရောက် ဖူးမျှော် ပြီးနောက် ဘူမိဖသရုပ်ပွားတော် မြတ်ကြီးအားရွှေသင်္ကန်း ကပ်လှုပြီးနောက် သတ္တဋ္ဌာန ခုနှစ်ဋ္ဌာန ကိုလှည့်လည်ပူဇော် မည်ဖြစ်ပါသည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါမည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 02 ဗုဒ္ဓဂါယာ ဗာရာဏသီ

ဟိုတယ် တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် ဂါယာ မှ (၁၅၇) မိုင်ဝေးသော ဗာရာဏသီ မြို့ သို့စတင် ထွက်ခွာပါမည်။

နေ့လည်စာကို ဗာရာဏသီရှိ ဟိုတယ်တွင် တည်ခင်းဧည့်ခံ ပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် မိဂဒါဝုန်တော သို့ဆက်လက် ထွက်ခွာ မည်ဖြစ်ပြီး မြတ်စွာဘုရားအား ပဥ္စဝဂ္ဂီငါးပါးမှခရီးဦးကြိုသည့် နေရာ၌ တည်ထားသော ချောက်ခန္ဓီစေတီတော်၊  ပဥ္စဝဂ္ဂီငါးပါးအား ပထမဦးဆုံး ဓမ္မစင်္ကြာ တရားတော်ဟောကြားရာ နေရာ၌ တည်ထားခဲ့သော ဓမ္မရာဇိက စေတီတော်၊ အာသောက ကျောက်စာ  တိုင်၊ မြတ်စွာ ဘုရားသီတင်းသုံးတော်မူခဲ့သည့် မူလဂန္ဓကုဋ္ဌိကျောင်းတော်တိုက်၊ နန္ဒိယကျောင်းတော်၊ ပဥ္စဝဂ္ဂီငါးပါးအား အနတ္တလက္ခဏသုတ်ဟောကြားသည့် ဓမ္မေခစေတီ နှင့် ဓါတ်တော် အစစ်ရှိသည့်  ဓါတ်တော်တိုက် တို့ကို သွားရောက်လေ့လာဖူးမျှော်ပါမည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါမည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 03 ဗာရာဏသီ သာဝတ္ထိ

ဟိုတယ်တွင်  နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက် ဗာရာဏသီမြို့ မှ (၁၉၈) မိုင် အကွာတွင် တည်ရှိသော သာဝတ္တိမြို့ သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

သာဝတ္တိမြို့ သို့ သွားရာလမ်းတွင်နေ့လည်စာကို သုံးဆောင်မည် ဖြစ်ပါသည်။

သာဝတ္တိမြို့ သို့ရောက်လျှင် မြတ်စွာဘုရား ဝါတော်ခုနှစ်ဝါမြောက် တာဝတိံ သာ နတ်ပြည်သို့ မကြွမီ တိတ္တိများကိုနှိမ်နှင်းရင်း ရေအစုံမီးအစုံ တန်ခိုးပြခဲ့ သော ကဏ္ဍမသရက်ဖြူကုန်း၊ အဂုင်္လိမာလစေတီတော်တို့အား သွားရောက် ဖူးမျှော် ပါမည်။ ထို့နောက သာဝတ္ထိမြို့ဟောင်းရှိ မြတ်စွာဘုရား (၂၅)ဝါအထိ    သီတင်းသုံးခဲ့သော ဇေတဝန်ကျောင်းဝင်း သို့သွားရောက်ပြီး ကျောင်းဝန်းအတွင်း၌ မြတ်စွာဘုရား နေထိုင် သည့်ဂန္ဓကုဋိ ကျောင်းဆွမ်းခံကြွပြီး ခြေဆေးကာ ဒုလ္လဘက်တရား(၅)ပါး ဟောကြားသည့်ရေတွင်းတရားဟော သည့်ပုလ္လင် အာနန္ဒာ ဗောဓိပင် ၊ စင်္ကြန်လျှောက် သည့်နေရာ ၊ ရှင်သီဝလီကျောင်းတော် နှင့် အခြား  ရဟန္တာများ နေထိုင် သည့် ကျောင်းများ ကိုလေ့လာ ဖူးမျှော်ပါမည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါမည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 04 သာဝတ္ထိ လုမ္ဗိနီ

ဟိုတယ်တွင်  နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက် ဘုရားလောင်းမွေးဖွားရာ နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်မြို့ သို့ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။

နေ့လည်စာကို ဟိုတယ်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် ဘုရားလောင်း မွေးဖွားရာ လုမ္ဗိနီ ဥယျာဉ်မယ်တော်မာယာရေကန် တို့ကို သွားရောက်လေ့လာ ဖူးမျှော်ပါ မည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါမည်။

ညနေစာသုံးဆောင် ပြီးနောက် အေးချမ်းစွာ အိပ်စက်အနားယူမည် ဖြစ်ပါ သည်။

DAY 05 လုမ္ဗိနီ ကုသိနာရုံ

ဟိုတယ်တွင်  နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် မိုင်ပေါင်း (၈၇) မိုင် ကွာဝေးသော ကုသိနာရုံ သို့ ဆက်လက်ထွက်ခွာမည်ဖြစ် ပါသည်။

နေ့လည်စာကို ဟိုတယ်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံရာ နေရာ၌ တည်ထား သော မဟာပရိနိဗ္ဗာနစေတီတော်၌  လူကြီးမင်းတို့၏ ပါဝင် လှုဒါန်းမှု ဖြင့် ဝယ်ယူလာ သောရွှေကြာသင်္ကန်းကို ကပ်လှူပူဇော်ပြီး မြတ်စွာဘုရား နောက်ဆုံး ရေကြည်တော် သောက်သုံးတော်မူရာ မာထကူဝ ၊ မြတ်ဗုဒ္ဓတေဇော ဓာတ်လောင်ကျွမ်းရာ အင်္ဂါရစေတီ အစရှိသည်တို့ကို လေ့လာဖူးမျှော်ပါမည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါမည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 06 ကုသိနာရုံ ဝေသာလီ ရာဇဂြိုလ်

 

ဟိုတယ်တွင်  နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် ကုသိနာရုံမှ မိုင်ပေါင်း (၂၀၀) ကျော် ဝေးသော  ဝေသာလီမြို့ သို့ဆက်လက် ထွက်ခွာမည်ပါမည်။

ဝေသာလီမြို့ သို့သွားရာ လမ်းတွင် နေ့လည်စာကို တည်ခင်းဧည့်ခံ ပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက် ဝေသာလီရှိ ဒုတိယသံဂါရတနာတင်ရာ ကျောင်းတော်ရာ၊ လိစ္ဆဝီမင်းတို့၏ဓါတ်တော်တိုက်မင်္ဂလာရေကန် အစရှိသည် တို့ကို လေ့လာဖူးမျှော်ပြီး ရာဇဂြိုလ် သို့ဆက်လက်ထွက်ခွာပါမည်။ လမ်းတွင် နာလန္ဒာတက္ကသိုလ်ဟောင်းကို ဝင်ရောက် လေ့လာမည်ဖြစ်ပါသည်။ ရာဇဂြိုလ် သို့ရောက်ရှိလျှင် မြတ်စွာဘုရားမှ ပါတိမောက်ဩဝါဒ ကိုဟောကြားတော်မူခဲ့ရာ ဝေဌုဝန်ကျောင်းတော်ရာသို့ သွားရောက် ဖူးမျှော်ပါမည်။ ထို့နောက် ဇာတ်နိမ့်ဇာတ်မြင့်တို့ ရေချိုးရာရေပူစမ်းပထမသံဃာရတနာတင်ရာပိပ္ပလိဂူ အစရှိ သည်တို့ကို သွားရောက် လည်ပတ် ပါမည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါမည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 07 ရာဇဂြိုလ် ဗုဒ္ဓဂါယာ

ဟိုတယ်တွင်  နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက် ဗိမ္မိသာရမင်းကြီး၏ ဘဏ္ဍာတိုက်ဗိမ္မိသာရ မင်းကြီး အကျဉ်းချ ခံထားရသည့် အကျဉ်းထောင်ဆေးဆရာဇီဝက စိုက်ပျိုးခဲ့သည့် သရက်တောဥယျာဉ်ဂိဇ္စျကုဋ်တောင်ပေါ်ရှိ ငြိမ်းချမ်းရေး စေတီအဇာတသတ်မင်း၏ ဓာတ်တော်တိုက် အစရှိသည် တို့ကို သွား ရောက် ဖူးမျှော် ကြပါမည်။

နေ့လည်စာကို ဟိုတယ်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဂါယာမြို့ ကိုဆက်လက်ထွက်ခွာပြီး လမ်းတွင် ဘုရားလောင်း ခြောက်နှစ် တိုင်တိုင်ဒုက္ခရစရိယာ ကျင့်တော်မူခဲ့သည့်ဂူ ကို ဝင်ရောက်ဖူးမျှော်ပါမည်။

ညနေစာကို Hotel တွင် တည်ခင်းဧည့်ခံ ပါမည်။

ညနေစာ သုံးဆောင်ပြီးနောက် အေးချမ်းစွာ အိပ်စက် အနားယူမည် ဖြစ်ပါသည်။

DAY 08 ဗုဒ္ဓဂါယာ ရန်ကုန်

ဟိုတယ်တွင်  နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက် ဘုရားလောင်းအား သုဇာတာသူဋ္ဌေးသမီးမှ ဃနာနို့ ဆွမ်း ဆက်ကပ်ရာ သုဇာတာအိမ်ရာ ၊ ဘုရားလောင်းမှအဓိဋ္ဌာန်ဖြင့် ရွှေခွက်မျောရာ နေရဥ္စရာမြစ် သောတ္တိယမြက်ထမ်းသမားမှ ဘုရား လောင်းအား မြက်ရှစ်ဆုတ် လှုဒါန်းရာနေရာကို သွားရောက်လည်ပတ်ပါမည် ။ ထို့နောက် ကိုယ်ပိုင်အချိန်ဖြင့် မဟာ ဗောဓိစေတီတော်ကို ထပ်မံ ဖူးမျှော်၍ ဘုရားအဆူဆူတိုင်း ပွင့်တော်မူခဲ့ရာ နေရာမြတ်သို့ တရားဘာဝနာများပွားများ ကာ စိတ်ရည်သန့်၍  နေ့လည်စာသုံး ဆောင်ပြီး  ဂါယာ လေဆိပ်သို့  သွားရောက်ကာ လေယာဉ်ဖြင့် ရန်ကုန် သို့ရောက် ရှိပြီး အောင်မြင်စွာ သွားရောက်ဖူးမျှော်ကုသိုလ်တော် ယူခွင့်ကြုံခဲ့သည့် ခရီးအားအမှတ်တမဲ့မှသည် အမှတ်တရ အဖြစ်ဖြင့်သယ်ဆောင်ရင်း သံဝေဂ ယူစရာ ဓမ္မခရီးစဉ် ပြီးဆုံးပါမည်။

~~ ဗုဒ္ဓဂါယာ ခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ ~~