လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဗီယက်နမ် (C)

ဗီယက်နမ် (C)
ရက် ခရီးစဉ်
၅၀၀ ဒေါ်လာ

Hightlight
လေယာဉ်စီးချိန်

၂ နာရီ ၂၀ မိနစ်

အချိန်ကွာခြားမှု

+၃၀ မိနစ်

ရာသီဥတု

ဇန်နဝါရီလ မှ မေလ ထိ - 26° C to 29° C
ဇွန်လ မှ အောက်တိုဘာလ ထိ - 25° C to 28° C
နိုဝင်ဘာလ မှ ဒီဇင်ဘာလ ထိ - 25° C to 27° C

ဘာသာစကား

Vietnamese

အဓိက အစားအစာ

ထမင်း၊ အသီးအရွက်နှင့် အသား

သုံးစွဲသည့်ငွေ

Vietnam Dong (ဗီယက်နမ်ဒေါင်)

Download Program

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အရှေ့ဖက်စွန်းတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ ဗီ威而鋼
ယက်နမ်နိုင်ငံသည် လွတ်လပ်ရေးရပြီးသောနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးနိုင်ငံများတွင် ပါဝင်သည်။ ဗီယက်နမ်သည် ကမ္ဘာပေါ်ရှိ တစ်ပါတီစနစ် ကျင့်သုံးပြီး၊ ကွန်မြူနစ်စနစ် ကိုလက်ခံကျင့်သုံးသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONHANOIHANOI
DAY 022020HANOIHALONG BAYHALONG CITY
DAY 032020HALONG CITYHANOIHANOI
DAY 042020HANOIHANOIDANANG
DAY 052020DANANGBANA HILLS DANANG
DAY 062020DANANGHOI AN/ DANANGHAOI
DAY 072020HANOI*YANGON
DAY 01 YANGON HANOI

Yangon အပြည်ပြည်ဆိုင်ရာလေဆိပ်မှစတင်ထွက်ခွာပြီး Noi Bai အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်သို့ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။

ဟိုတယ်သို့ ပို့ဆောင်ကာ Check-in ဝင်ပြီး အိပ်စက်အနားယူပါမည်။

DAY 02 HANOI HALONG

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် သဘာဝအတိုင်း ဖြစ်ပေါ်လျက်ရှိသော ကျောက်ဆောင်များ၊ ကျောက်စက်မိုးမျှော် များရှိရာ လှပသော Halong Bay တွင် (၃) နာရီခွဲခန့် သင်္ဘောစီးပြီး ကျေးလက်ဒေသ၏ အလှ၊ လယ်ကွင်းပြင်ကြီး များ၏ အလှနှင့် ကျေးလက်လယ်သမားများ ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ရိုးရာဝတ်စုံများ ပြုလုပ်သည့်နေရာနှင့် ပန်းချီပန်းထိုးလုပ်ငန်း စသည့်နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်ပိုင်းတွင် Ha Long မြို့သို့ရောက်ရှိကာ Cruise ပေါ်သို့ သွားရောက်ပါမည်။ Cruise ပေါ်သို့ရောက်ရှိသည်နှင့် တပြိုင်နက် ဝန်ထမ်းများက သောက်သုံးစရာတစ်ခုခုဖြင့် ကြိုဆိုဧည့်ခံပါမည်။

သင်္ဘောပေါ်တွင် နေ့လည်စာသုံးဆောင်ရင်း သာယာလှပသော Halong Bay ၏အလှအပကိုလည်း ကြည့်ရှုခံစားရ ပါမည်။

ထိုမှတဖန် လှပသောကျွန်းများဖြစ်တဲ့ Dau Go ကျွန်းစွယ် ၊ Thien Cung လှိုဏ်ဂှု တို့ကို သွားရောက်လည်ပတ်ကြမှာ ဖြစ်ပါသည်။

ညနေပိုင်းတွင် Halong မြို့ပေါ်သို့ ပြန်လာကာ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 03 HALONG HANOI

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် ဧည့်လမ်းညွန် နှင့် အတူ Hanoi မြို့ သို့ ပြန်လာပါမည်။ Hanoi မြို့သို့ ရောက်သောအခါ ဗီယက်နမ်နိုင်ငံရဲ့ ကျော်ကြားလှသော သမိုင်း၀င်ယဉ်ကျေးမှု အမွေအနှစ်များ ထားရှိရာ ပြတိုက်သို့ လိုက်လံ ပို့ဆောင်ပေးမှာဖြစ်ပါသည်။ ထို့နောက်တွင် မြိုလယ်ခေါင်ရှိ Hoan Kiem ရေကန်သို့ သွားရောက် လေ့လာလည်ပတ်ကြပြီး Old Quarter တွင် ဈေး၀ယ်ထွက် ကြပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 04 HANOI DANANG

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်တွင်  Danang မြို့သို့ ထွက်ခွာရန် လေဆိပ်သို့ လိုက်လံပိုဆောင်ပေးပါမည်။ Hanoi လေဆိပ်မှ စတင်ထွက်ခွာပြီး  Danang လေဆိပ်သို့ရောက်ရှိပါမည်။ လေဆိပ်သို့ရာက်ရှိသည်နှင့် ဧည့်လမ်း ညွန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့လိုက်လံပို့ဆောင်ပေးပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 05 DANANG HILLS BANA DANANG

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် Danang မြို့ရဲ့ အလှပဆုံး ကမ်းနားလမ်းတစ်ခုဖြစ်တဲ့ Nguyen Tat Thanh လမ်း ကိုဖြတ်သန်းသွားကာ Bana Hills တောင်သို့ခရီးဆက်ပါမည်။ တောင်ခြေသို့ရောက်သောအခါတွင် အာရှတိုက်တွင် အရှည်လျားဆုံး Cable Car များတွင် တစ်ခုအပါအ၀င် ဖြစ်တဲ့ Bana Hills တောင်တတ်ကားကို စီးနင်းပြီး လှပသော တောင်တန်းများ ၊ တန်ဖိုးမဖြတ်နိုင်သော သဘာ၀ရှုခင်းများကို ကြည့်ရှုရင်းတောင်အလယ် သို့သွားရောက်ကြပါမည်။ တောင်အလယ်ပိုင်းသို့ရောက်သောအခါ ပြင်သစ်ကျေးရွာတစ်ခုဖြစ်တဲ့ Le Jardin ကျေးလတ် နှင့် ၂၇ မီတာအမြင့် ရှိသော Ling Ung ရုပ်တုတော်သို့ သွားရောက်ဖူးမျှော်ကြပါမည်။ ထိုမှ တဖန် Cable Car Station သို့သွားရောက်ပြီး  အမြင့်ပေ ၁၄၈၇ မီတာ ရှိသော Chua တောင်ပေါ်သို့ဆက်လက် ခရီးဆက်ပါမည်။ တောင်ပေါ်သို့ရောက်သောအခါ လှပခမ်းနားသော Dreaming Stream ရှိ အပန်းဖြေစခန်းများ သက်တံ ရေတံခွန် ၊ နာမည်ကျော်ကြားနေသော လက်တံတာကြီး ပေါ် မှ လှပသော ရှုခင်းများ  နှင့် အမှတ်တရဓာတ်ပုံများစွာ ရိုက်ကူး ပြီး တောင်ခြေသို့ ပြန်လာကြ ပါမည်။ ညနေပိုင်းတွင် Danang မြို့ရှိ ဟိုတယ်သို့ ပြန်လာကာ အိပ်စက်အနားယူပါ မည်။

နေလည်စာအား တောင်ခြေရှိ ဒေသခံစာသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညနေပိုင်းတွင် Danang  မြို့ပေါ်သို့ ပြန်လာကာ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 06 DANANG HOI AN DANANG HANOI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် ဗီယက်နမ်နိုင်ငံရဲ့ ထင်ရှားလှသော ရှေးဟောင်းမြို့တော် တစ်ခုဖြစ်တဲ့ Hoi An မြို့သို့ စတင်ထွက်ခွာပါမည်။ ၁၅၉၃ ခုနှစ်က ဂျပန်တို့ တည်ဆောက်ခဲ့သော Japanese Covered Bridge တံတား၊ ရှေး ဟောင်း အိုးများပြသထားတဲ့ အိုးပြတိုက်၊ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ခန့် ကတည်ဆောင်ထားသော Tam Ky အိမ် Chua Ong ဘုရား နှင့် လူစည်ကားသော ဈေးစသော နေရာများသို့ လိုက်လံပို့ဆောင်ပေးရုံသာ မက ဗီယက်နမ်လူမျိုးတို့ ရဲ့ နေထိုင် ၀တ်စာဆင်ယင်မှုပုံစံ တို့ကို လည်း တွေ့မြင်နိုင်ရန် လိုက်လံပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် Hanoi သို့ ပြန်ရန် လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ထို့နောက် ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 07 HANOI YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် Honoi မြို့ရှိ ဗီယက်နမ်လူမျိူးများ လေးစားကြည်ညိုရသော အာဇာနည်သူရဲကောင်း ဟိုချီမင်း၏ ဂူဗိမ္မာန်တော် ( Ho Chi Minh’s Mausoleum the final resting place ) ၊ ဟိုချီမင်း နေထိုင် ခဲ့ရာ ခြေတံရှည်အိမ် (President Ho Chi Minh’s stilt house) နှင့် ဗီယက်နမ်လူမျိုးများ၏ ရှေးယခင်ဘုရင်မင်းမြတ် Ly Thai To (၁၀၄၉) တွင် တိုင်တစ်ခုတည်းဖြင့် တည်ဆောက်ခဲ့သော One Pillar Pagoda စသည့် နေရာများသို့ လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နောက် ခရီးစဉ်ပြီးဆုံးပြီဖြစ်ပါသဖြင့် လေဆိပ်သို့ လိုက်လံပို့ဆောင်ပေး ပါမည်။ Hanoi အပြည်ပြည်ဆိုင်ရာ‌ လေဆိပ်မှ စတင်ထွက်ခွာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိ မည်ဖြစ်ပါသည်။

~~ဗီယက်နမ် ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ~~