၄ ည
၅ ရက် ခရီးစဉ်
(၆) နာရီ (၃၀) မိနစ်
+ (၁) နာရီ (၃၀) မိနစ်
ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - 21° C to 30° C
စက်တင်ဘာလ မှ နိုဝင်ဘာလ ထိ - 22° C to 35° C
ဇွန်လ မှ သြဂုတ်လ ထိ - 39° C to 33° C
Filipino
အသီးအရွက်နှင့် အသားများ
Philippine peso
ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှရှိ ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပြီး ကျွန်းပေါင်း ၇,၆၄၁ ခု ဖြင့်ဖွဲ့စည်းထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ပေါများလှသော သဘာဝ အရင်းအမြစ်များ နှင့် ကမ္ဘာပေါ်တွင် အများပြားဆုံး ဇီဝမျိုးကွဲများ ရှိရာဒေသလည်း ဖြစ်သည်။ ဖိလစ်ပိုင်ဟူသော အမည်သည် စပိန် ဒုတိယမြောက် ဖိလစ်ဘုရင်ကို ဂုဏ်ပြု၍ မှည့်ခေါ်ထား ခြင်း ဖြစ်သည်။
ITINERARY AT A GLANCE
| DAY | DATE | DEPARTURE | VISIT / FLIGHT | ARRIVE |
|---|---|---|---|---|
| DAY 01 | 2020 | YANGON | BANGKOK | MANILA/MAKITA |
| DAY 02 | 2020 | MAKITA | TAAL VOLCANO | MAKITA |
| DAY 03 | 2020 | MAKITA | PAGSANJAN FALL | MAKITA |
| DAY 04 | 2020 | MAKITA | MANILA | MANILA |
| DAY 05 | 2020 | MANILA | MANILA | YANGON |
MANILA
MAKATI
Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး၊ Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး Philippines နိုင်ငံ Manila မြို့ရှိ Ninoy Aquino အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ မည်ဖြစ်သည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါပြီး Makati မြို့သို့ ထွက်ခွာကြပါမည်။
ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။
TAAL VOLCANO
MAKITA
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် ကမ္ဘာပေါ်တွင်အန္တရာယ်ရှိသော အသေးဆုံး မီးတောင်ရှင်အဖြစ်သတ်မှတ်ထားသော Taal Volcano သို့သွားရောက် လည် ပတ်ကြပါမည်။ အဆိုပါမီးတောင်သို့ မရောက်ခင်လမ်း တွင် Taal ရေကန် အတွင်းမှ သင်္ဘောဖြင့်ဆက်လက်ထွက်ခွာပါမည်။ ထို့နောက် Taal Volcano တောင်ပေါ်သို့ မြင်းစီးကာ သဘာဝအလှအပများကိုခံစားရင်း သွားရောက် လေ့လာကြပါမည်။
နေ့လည်စာကိုဖိလစ်ပိုင်ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံပါ မည်။
နေ့လည်စာ သုံးဆောင်ပြီး နောက်တွင် တောင်ခြေသို့ ပြန်လာကာ Makita မြို့သို့ ပြန်လည်ထွက်ခွာပါမည်။
ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
PAGSANJAN FALL
MAKITA
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Manila မြို့၏ အရှေ့တောင်ဘက်ရှိ ၁၀၀ ကီလိုမီတာခန့် အကွာအဝေးရှိသော Pagsanjan ရေတံခွန်သို့ သွားရောက် လည်ပတ်ပါမည်။ ထိုရေတံခွန်တွင် သစ်သားဖြင့် ပြုလုပ်ထားသော ကနူးလှေစီး ခြင်း၊ ရေတံခွန်အောက်တွင် ရေကူးခြင်းတို့ပြုလုပ်ရင်း သာယာလှပသော သဘာဝတရား၏ အလှကို တွေ့မြင် ရမည်ဖြစ်သည်။
နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
နေ့လည်စာသုံးဆောင်ပြီးနောက်တွင် Makita မြို့သို့ ပြန်လည်ထွက်ခွာပါမည်။
ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
CORREGIDOR WAR MEMORIAL
MAKITA
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန် စစ်တပ်နှင့် ဖိလစ်ပိုင်စစ်တပ်တို့ ဂျပန်စစ်တပ် အားရွံရွံချွံချွံပြန်လည်တန်ခိုက် ခဲ့ရာနေရာဖြစ် Corregidor ကျွန်းပေါ်ရှိ Corregidor War Memorial သို့သွားရောက်လေ့ လာလည်ပတ်ကြပါမည်။ ညနေပိုင်း Manila မြို တွင်းသို့ ပြန်လာပါမည်။
နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
YANGON
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် လေယာဉ်ကွင်းသို့ ခရီးစဉ်ပြီးဆုံးပြီဖြစ်ပါ သဖြင့် လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နောက် Philippines နိုင်ငံ Manila မြို့ရှိ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ် သို့လိုက်လံပို့ဆောင် ပါမည်။ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ် မှ စတင်ထွက်ခွာ ပြီး Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုမှတဆင့် Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး၊ Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာဖြစ်ပါသည်။
***ဖိလစ်ပိုင် ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ***