လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ပူတာအို

ပူတာအို
ရက် ခရီးစဉ်

Hightlight
လေယာဉ်စီးချိန်

၃ နာရီ ၂၀ မိနစ်

အချိန်ကွာခြားမှု

၀ နာရီ ၀ မိနစ်

ရာသီဥတု

အောက်တိုဘာလ မှ ဖေဖော်ဝါရီလ အထိ - ဆောင်းရာသီ
မတ်လ မှ မေလ အထိ - နွေရာသီ
ဇွန်လ မှ စက်တင်ဘာလ အထိ - မိုးရာသီ

ဘာသာစကား

Myanmar

အဓိက အစားအစာ

ထမင်း၊အသားနှင့် ဟင်းသီးဟင်းရွက်

သုံးစွဲသည့်ငွေ

Myanmar Kyats

Download Program

ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးမြို့ဖြစ်ပြီး မြစ်ကြီနားမြို့နှင့် ၁၁၈ မိုင်အကွာတွင်တည်ရှိ သည်။ ပူတောင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်ချိန်တွင် အင်္ဂလိပ်ဘာသာစကားဖြင့် Putao ရေးရာမှ မြန်မာ အသံထွက် ပူတာအို ဟူ၍ အမည်တွင်သွားခြင်းဖြစ်သည်။ ကချင်၊ ဂျိန်းဖော့ ရဝမ် လီဆူး ရှမ်းနီ ခန္တီး ရှမ်းလူမျိုး များ နှင့် ဗမာလူမျိုး အနည်းငယ်နေထိုင် ကြသည်။ ရေခဲတောင်များ ဝန်းရံထားသဖြင့် ဆောင်းရာသီ တွင် ရေခဲအမှတ်အောက်ရောက်သည်အထိ အပူချိန်ရှိပြီး နွေရာသီတွင် တရံတစ်ခါ အပူချိန်မြင့်မားတတ်သည်။ ခရီးသွားရန် အကောင်းဆုံးသော အေးချမ်းသာယာမှုရှိသည့် မြို့လေးတစ်မြို့ ဖြစ်သည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONPUTAOPUTAO
DAY 022020PUTAOPUTAOPUTAO
DAY 032020PUTAOPUTAOPUTAO
DAY 042020PUTAO*YANGON
နေ့ ၀၁ ရန်ကုန် ပူတာအို

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး Putao လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ပူတာအိုရောက်ရှိသောနေ့ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန် မှ လာရောက်ကြိုဆိုပါမည်။

နေ့လည်စာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် ခါကာဘိုအမျိုးသားဥယျာဉ်ပြတိုက် ဟိုခိုရပ်ကွက် နွိုင်ဟန်ဝန်းစေတီ ၊ပန်းလိူင် ရပ်ကွက် မဟာမြတ်မုနိဘုရားသို့ လမ်းလျှောက်ပါမည် ၊ လမ်းလျှောက်ချိန် ၁:၃၀ ခန့် ကြာမြင့်မည်ဖြစ်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အိုများပါလျှင် ကားဖြင့် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါသည်။

ထို့နောက် ပူတာအို အစ ပူတောင်းက ဟု နာမည်ကြီးသည့် ခန္တီးရှမ်းများနေထိုင်လျှက်ရှိသော မြို့ဟောင်း ပူတောင်းရွာကို ကားဖြင့် လည်ပတ်ပြီး မိမိတည်းခိုသည့် နေရာသို့ ပြန်ပါမည် ။

မိမိ တည်းခိုသည့်နေရာတွင် ခေတ္တနားခိုပြီး ညစာထွက်စားပါမည်။
ညစာစားပြီးချိန်တွင် နောက်နေ့အတွက် အစီအစဉ်များ ပြောကြားပြီး မိမိ တည်းခိုသည့် နေရာသို့ ပြန်ကာ အိပ်စက် အနားယူရပါမည်။

နေ့ ၀၂ ပူတာအို

ပူတာအိုမြို့ မနက်ဈေးတွင် မနက်စာစားပြီး ကားဖြင့် ကောင်းမူလုံ စေတီတော်မြတ်ကို သွားပါမည်။ လမ်းခရီးတွင် ဒေသလူနေမူများ ရိုးရာဓလေ့များ ၊ ကြိုးတံတားများ နှင့် မလိခမြစ်အလှများ ကြည့်ရှူ့လေ့လာပါမည်။

ကောင်းမူလုံ ဘုရားသည် သီရိဓမ္မသောကမင်းကြီး တည်ထားကိုးကွယ်ထားသော ဘုရားစေတီပုထိုးပေါင်း ၈၄၀၀၀ ထဲမှ ဆုတောင်း ပြည့်တန်းခိုးကြီးဘုရားဖြစ်သည့် ဘုရားတစ်ဆူဖြစ်ပါသည်၊ ဆက်လက်ပြီး ကောင်းမူလုံဘုရားမှ ကားဖြင့် နမ်းခမ်း ကျေးရွာကို လည်ပတ်ပါမည်။
နမ်းခမ်းရွာသည် သစ်သီးဝလံများပေါများပြီး ရဝမ်လူမျိုးများ နေထိုင်လျှက်ရှိသော ကျေးရွာဖြစ်သည်။

နမ့်ခမ်းကျေးရွာလေးဟာဆိုရင်ဖြင့် တစ်ချိန်က ရွှေအထွက်များခဲ့ပြီး လက်ရှိတွင် ပူတာအိုမှ နာမည်ကြီး လှပသော ရေတံခွန်ကြီးကိုလည်းလေ့လာနိင်ပါသည်။ နမ်းခမ်းသို့လည်ပတ်ပြီး မချမ်းဘော့သို့ ကားဖြင့် ဆက်လက်ထွက်ခွါပါမည်။

မချမ်းဘော့မြို့သည် မြို့နယ်တစ်ခုဖြစ်ပြီး မလိခမြစ် အလှပ နှင့် ကျောက်နဂါး၊ ဂူဘားရိပ်သာများကိုလေ့လာနိင်ပါသည်။ ထို့နောက် နောင်ခိုင်ကျေးရွာမှ စက်လှေဖြင့် မလိခမြစ်ရေလယ် နတ်ကျွန်းသို့ သွားပါမည်၊ လမ်းခရီးတွင် သာယာလှပသော မြစ်ရေကြည်၊ ကျောက်ဆောင်ကျောက်ခဲ ဆင်နင့်တူသောကျောက်ဆောင် ဝက်ဝံနင့်တူသောကျောက်ဆောင် ဘုရင်ထိုင်ခုံနင့်တူသောကျောက်ဆောင် ၊ နတ်ခြေရာ ကျောက်ဆောင်များ ရေလယ်နတ်ကျွန်းစေတီ နှင့် ကျောက်ဖျာများ ကိုလည်ပတ်ပြီး နတ်ကျွန်းတွင် တိုင်းရင်းသား ဝတ်စုံများဖြင့် ဧည့်ခံ ကျွေးမွေးသော ရိုးရာ စားသောက်ဖွယ်ရာများ စားသောက်ပြီး ၊ ရိုးရာ ဝတ်စုံများ ဝတ်ဆင်ကာ အလှ ဓာတ်ပုံများ ရိုက်ကူးကြမည်ဖြစ်ပါသည်၊ ထို့နောက် စက်လှေဖြင့် နောင်ခိုင်သို့ ပြန်လည် ဆန်တက်ကာ ၊ ကားဖြစ် ပူတာအိုသို့ပြန်လာပါမည်။

နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် တည်းခင်းဧည့်ခံပါမည်။
ညစာကို ရိုးရာစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံ ပါမည်။
ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

နေ့ - ၀၃ ပူတာအို

ပူတာအိုမြို့အနီး မနက်ခင်းစားသောက်ဆိုင် (သို့) ဒေသခံအိမ်တွင် ရိုးရာ မနက်စာ စားသောက်ပြီး ကားဖြစ် မူလာရှီးဒီကျေးရွာ နှင့် ကြိုးတံတား၊ ယခင် ခရစ်ယာန် သာသနာ လာပြုပေးခဲ့သော မစ်တာယောဘတ်မောစ့် နေခဲ့သော အိမ်အိုများ ၊ ရေခဲရေခဲတောင်မှ စီးဆင်းပြီး အေးခဲနေသောရေစီးဆင်းသော မူလာချောင်းများကြည့်ရှူ့ပြီး ကားဖြင့် ပူတာအိုသို့ပြန်လာပါမည်။

နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် တည်းခင်းဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက် အထက်ဆန်ဂေါင်ကျေးရွာသို့ သွားရောက် လည်ပတ်ပါမည်။ အထက်ဆန်ဂေါင်ကျေးရွာသည် ရေခဲတောင်များသွားလာ ရာလမ်းခရီးတွင်ရှိပြီး ရဝမ်လူမျိုး ၊ လီဆူလူမျိုးများနေထိုင်သောရွာဖြစ်သည် ။ အထက်ဆန်ဂေါင်သို့ လည်ပတ်ပါမည်။

ညစာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံ ပါမည်။

ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

နေ့ - ၀၄ ပူတာအို ရန်ကုန်

 

မနက်ပိုင်းတွင်  မနက်ခင်း မြို့မစျေးသို့ လည်ပတ်ပြီး  စျေးထဲတွင် မနက်စာ စားပါမည်။ မနက်စာစားသောက်ပြီးနောက် မိမိပစ္စည်းများ ပြန်သိမ်းပြီး လေယာဉ်ကွင်း ဂါးထုစျေးသို့ သွားရောက် လည်ပတ်ပါမည် ။ ဆက်လက်ပြီး လေယာဉ်ချိန် စောင့်ဆိုင်းကာ ပူတာအိုမြို့ အနီးဆုံးနေရာ များသို့ လည်ပတ်ပါ မည်။

နေ့လည်စာကို ရိုးရာစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံ ပါမည်။

ထို့နောက်ပူတာအိုမှလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာပြီး ခရီးစဉ် ပြီးဆုံးပါမည်။

***ပူတာအို ခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ***