လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ဒူဘိုင်း

ဒူဘိုင်း
ရက် ခရီးစဉ်

Hightlight
လေယာဉ်စီးချိန်

(၅) နာရီ (၄၅)မိနစ်

အချိန်ကွာခြားမှု

(၂) နာရီ (၃၀) မိနစ်

ရာသီဥတု

အောက်တိုဘာလ မှ ဖေဖော်ဝါရီလ ထိ - 23° C to 35° C
မတ်လ မှ မေလ ထိ - 27° C to 36° C
ဇွန်လ မှ သြဂုတ်လ ထိ - 39° C to 41° C

ဘာသာစကား

Arabic

အဓိက အစားအစာ

ပေါင်မုန့်၊ အသီးအရွက်နှင့် အသားများ (ဝက်သားမပါ)

သုံးစွဲသည့်ငွေ

UAE Dirham (AED)

Download Program

ဒူဘိုင်းမြို့သည် အာရပ်စော်ဘွားများပြည်ထောင်စု (သို့) ယူအေအီး အတွင်းမှ ပြည်နယ်တစ်ခု၏ မြို့တော်ဖြစ်သည်။ ပါရှန်းပင်လယ်ကွေ့၏တောင်ဘက် အာရပ်ကျွန်းဆွယ်ပေါ်တွင် တည်ရှိသည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု ထဲတွင် လူဦးရေအများဆုံးနေထိုင်သော မြို့တစ်မြို့ဖြစ်ပြီး ယူအေအီးတွင် အဘူဒါဘီမြို့ပြီးလျှင် ဒုတိယမြောက်မြေ နေရာအကျယ်ဆုံး မြို့ဖြစ်သည်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံနှင့်ပတ်သက်သော အရေးကြီး ကိစ္စများတွင် ဘီဒိုအာဏာသုံး၍ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်မှာ ဒူဘိုင်းနှင့် အဘူဒါဘီ မြို့နှစ်မြို့သာဖြစ်သည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONDUBAIDUBAI
DAY 022020DUBAIDUBAI CITY TOURDUBAI
DAY 032020DUBAIDESERT SAFARIDUBAI
DAY 042020DUBAIABU DHABI CITY TOURABU DHABI CITY TOUR
DAY 052020ABU DHABI CITY TOURMIRACLE GARDENDUBAI
DAY 062020DUBAIDUBAIYANGON

DAY 01 YANGON DUBAI

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှစတင်ထွက်ခွာပြီး Dubai အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။ လေဆိပ်တွင်ဒေသခံဧည့်လမ်း ညွှန်မှ လာရောက်ကြိုဆိုကာ ဟိုတယ်သို့ လိုက်ပါပို့ဆောင်ပါမည်။ ဟိုတယ် တွင် Check-in ၀င်ကာခေတ္တခဏ အနားယူပြီးနောက် အနီးပတ်ဝန်း ကျင်သို့ မိမိအစီအစဉ်ဖြင့် လေ့လာလည် ပတ်နိုင်ပါသည်။

ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။

DAY 02 DUBAI DHOW CRUISE CREEK DUBAI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် Dubai မြို့၏ ရှေးဟောင်းပြတိုက်တစ်ခုဖြစ်သလို၊ အထင်ကရပြတိုက်တစ်ခု ဖြစ်သည့် Dubai Museum သို့သွားရောက် လည်ပတ်ပါမည်။ ထိုမှတစ်ဆင့် ဒူဘိုင်းမြို့၏ နာမည်ကြီးပြီး ထင်ရှားကာ သာယာလှပသော Zabeel နန်းတော်၊ အနုပညာလက်ရာများ စွာကိုတွေ့မြင်နိုင်သည့် Saga World နှင့်အတူ ကမ္ဘာပေါ်တွင်တစ်ခုထဲရှိသော ကြယ်ခုနှစ်လုံးအဆင့် Burj Al Arab ဟိုတယ်ကြီး၊ ရှေးဟောင်း အာရပ်လူမျိုးတို့ ရိုးရာအဆောက်အဦးပုံစံအတိုင်း တည်ဆောက်ခဲ့သော ဇိမ်ခံဟိုတယ်ကြီးတစ်ခု ဖြစ်သည့် Madinat Jumeirah ဟိုတယ်ကြီးများထံသို့ သွားရောက်လည်ပတ် ကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာ သုံးဆောင်ပြီးနောက်တွင် ၂၀၀၁ ခုနှစ်မှ လူအင်အား၊ စက်အင်အားတို့ဖြင့် စတင်တည်ဆောက်ကာ ၂၀၁၄ ခုနှစ်တွင် လက်ရာမြောက်ပြီးစီးသွားသည့် အလွန်သာယာလှပသော The Palm Island ကျွန်းသို့ သွားရောက်လည် ပတ်ကာ၊ ဧည့်သည်တော်များ စျေးဝယ်ထွက်နိုင်ရန်အတွက် ပစ္စည်းအစုံအလင် ရရှိနိုင်သည့် Dubai Mall စျေးဝယ်စင်တာကြီးသို့ လိုက်ပါပို့ဆောင်ပါမည်။ ညနေပိုင်းတွင် ဧက (၃၀) ကျယ်ဝန်းသော BurjKhalifa ရေကန်တွင် မီးရောင်စုံများဖြင့် ရေပန်းကြီးများကို တွေ့မြင်နိုင်သည့် Mall Dancing Fountain နှင့်တကွ အမြင့်ပေ (၈၂၅) မီတာ ရှိသော ကမ္ဘာ့အမြင့်ဆုံးတာဝါကြီးဖြစ်သည့် BurjKhalifa စသော အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ကာ ဒူဘိုင်းမြို့၏ညအလှကို သင်္ဘောပေါ်တွင် ကြည့်ရှုခံစားရင်း၊ အချိန်ကုန်လွန် စေပါမည်။

ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်မည် ဖြစ်ပါသည်။

ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 03 DUBAI-DESERT SAFARI DUBAI

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် 4WD ကားကြီးများဖြင့် သဲကန္တာရပေါ်တွင် သည်းထိပ်ရင်ဖို ကားစီးခြင်း၊ စကိတ် စီးခြင်း၊ ကုလားအုပ်စီးခြင်းများ ပြုလုပ်ကာ လေ့လာလည်ပတ်ကြပါမည်။

အာရပ်ရိုးရာ Fragrant Shesha သုံးဆောင်ကာ နေ့လည်စာ တည်ခင်းဧည့်ခံ ပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင်  ရိုးရာဝတ်စုံများဝတ်ဆင်ကာဓာတ်ပုံ ရိုက် ခြင်း၊ လက်ပေါ်တွင် ပန်းကနုတ်ပန်းချီများ ရေးဆွဲခြင်းများ ပြုလုပ်ကာ သဲကန္တာရပေါ်မှ နေဝင်ဆည်းဆာ ကြည့်ရှုကြပါမည်။

ထို့နောက်တွင် အရသာရှိလှသော BBQ ညစာသုံးဆောင်ရင်း ပျော်ပွဲရွှင်ပွဲများနှင့် ရိုးရာကပွဲများကြည့်ရှုခံစားကာ  ညခင်း ကို ပျော်ရွှင်စွာ ဖြတ်သန်းကုန်လွန်ကြပါမည်။

ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 04 DUBAI ABU DUHABI DUBAI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် Yas Island Waterworld တွင် ရေလွှာလျောစီးပြီး ပျော်ရွှင်စွာဆော့ကစား နိုင်ရန် လိုက်ပါပို့ဆောင်ပါမည်။ ထို့နောက် Ferrari ပြိုင်ကားများကို သွားရောက်လေ့လာနိုင်သည့် Ferrari World နှင့် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဗလီတစ်ခုဖြစ်သော Sheikh Zayed Mosque စသော အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာစားပြီးနောက် Emirate နန်းတော်နှင့် သမ္မတစံအိမ်တော် စသောအထင်ကရနေရာ နှစ်ခုကိုအပြင်မှ ကြည့်ရှုကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပြီး၊ Miraj Islamic ART Gallery အနုပညာအဆောက် အအုံသို့ သွားရောက်လေ့လာခွင့် ရရှိဦးမည်ဖြစ်ပါသည်။ ညနေပိုင်းတွင် Crorniche လမ်းမကြီးကို ဖြတ်ကာ နာမည်ကျော် Dates စျေးတွင် အမှတ်တရပစ္စည်းများဝယ်ယူနို်င်ရန် လိုက်လံပို့ဆောင်ပေးပါမည်။

ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်မည် ဖြစ်ပါသည်။

ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 05 DUBAI MIRACLE GARDEN DUBAI

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် Dubai ၏ အထင်ကရ ပန်းခြံတစ်ခုဖြစ်ပြီး 14 February 2013 မှ စတင်ဖွင့်လစ်ခဲ့သော Miracle Garden သို့ သွားရောက်ကာ အပန်းဖြေအနားယူပါမည်။ ထိုပန်းခြံကြီးသည် မီတာ (၇၂၀၀၀) အကျယ်အဝန်းရှိပြီး၊ ပန်းမျိုးပေါင်း (၁၀၉) သန်း ရှိပါသည်။

နေ့လည်စာနှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 06 DUBAI YANGON

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် လေဆိပ်သို့ လိုက်ပါပို့ဆောင်ပြီး Dubai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကာ၊ Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

~~ ဒူဘိုင်းခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ ~~