၆ ည
၇ ရက် ခရီးစဉ်
၅ နာရီ ၂၀ မိနစ်
+ ၂ နာရီ ၃၀ မိနစ်
မတ်လ မှ မေလ ထိ - နွေဦးရာသီ (20°C to 27°C )
ဇွန်လ မှ သြဂုတ်လ ထိ - နွေရာသီ ( 25°C to 35°C )
စက်တင်ဘာလ မှ နိုဝင်ဘာလ ထိ - ဆောင်းဦးရာသီ ( 07°C to 10°C )
ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - ဆောင်းရာသီ ( -02°C to 01°C )
Korean
ထမင်း၊ အသား နှင့် အသီးအရွက်
Won
တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှနိုင်ငံတစ်နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးမြို့တော် ဖြစ် သော Seoul မြို့သည် တစ်ဟုန်ထိုးတိုးတတ်နေသော စီးပွားရေးမြို့တော်တစ်ခုဖြစ်ပြီး Jeju ကျွန်းသည် တောင် ကိုရီးယား၏ အကြီးဆုံးကမ်းလွန်ကျွန်းကြီး တစ်ကျွန်းဖြစ်ပါသည်။ Nami ကျွန်းသည် ကိုရီးယား ယဉ်ကျေးမှုကျေးရွာများ တည်ရှိရာ ကျွန်းတစ်ကျွန်းဖြစ်ပါသည်။
ITINERARY AT A GLANCE
| DAY | DATE | DEPARTURE | VISIT / FLIGHT | ARRIVE |
|---|---|---|---|---|
| DAY 01 | 2020 | YANGON | SEOUL | |
| DAY 02 | 2020 | SEOUL | SEOUL/JEJU | JEJU |
| DAY 03 | 2020 | JEJU | JEJU | JEJU |
| DAY 04 | 2020 | JEJU | GIMPO | GANGWON |
| DAY 05 | 2020 | GANGWON | EVERLAND | SEOUL |
| DAY 06 | 2020 | SEOUL | SEOUL | SEOUL |
| DAY 07 | 2020 | SEOUL | YANGON |
VIETNAM
Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး Vietnam နိုင်ငံ Hanoi မြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။
SEOUL
JEJU
Vietnam နိုင်ငံ Hanoi မြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာပြီး Korea နိုင်ငံ Incheon လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပြီး ကိုရီးယားနိုင်ငံရဲ့ အထင်ကရ မင်းဆက်ဖြစ်တဲ့ ဂျိုဆွန်းမင်းဆက် ရဲ့ နေထိုင်မှုပုံစံ နှင့် နန်းတွင်း အသုံးအဆောင်များကို လေ့လာနိုင်ရန် Gyeongbokgung နန်းတော် နှင့် ကိုရီးယား ယဉ်ကျေးမှုပြတိုက်သို့ လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နောက်တွင် ကိုရီးယား သမ္မတ အိမ်တော်ြဖစ်တဲ့ Blue House ၊ Gwang Hwa Moon ရင်ပြင် နှင့် ပြန်လည်ဖန်တီး ပြုပြင်ထားသော Cheong Gye Cheon ချောင်းရိုး သို့ စသည့် အထင်ကရ နေရာများ သို့လိုက်လံပို့ဆောင်ပေးပါမည်။ နေလည်စာသုံးဆောင်ပြီးနောက်တွင် Jeju သို့ ထွက်ခွာရန် လေဆိပ်သို့ စတင်ထွက်ခွာပါမည်။ Jeju သို့ ရောက်သောအခါ နဂါးဦးခေါင်း ပုံစံကျောက်ဆောင်ရှိရာ Dragon Head Rock ၊ ကမ္ဘာ့အံဖွယ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော Mysterious လမ်း ဟုခေါ်တွင်သော ပဟေဠိလမ်းမ ၊ နှင့် စိတ်ဝင်စားဖွယ် ရုပ်တုကြီးများ ရှိရာ Love land ကျွန်းသို့ လိုက်လံပို့ဆောင်ပေးပါမည်။
နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် UNESCO မှအသိအမှတ်ပြု သဘာဝအမွေ အနှစ်နေရာတစ်ခုဖြစ်သော Seongsan Sunrise Peak ၊ ရှေးဟောင်းအမွေ အနှစ်များ ရှေးမှုမပျက် တည်ရှိနေသော Seongeup Folk Village သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက်တွင် လှပလွန်း သော ကျောက်ကမ်းပါးများရှိရာ Jusan –Jelli ၊ ဗုဒ္ဓဘုရားကျောင်း တစ်ခုဖြစ် သည့် Yakcheonsa ဘုရားကျောင်း နှင့် အဆင့်သုံးဆင့်ရှိသော Cheongjeyeon ရေတံခွန်သို့ ပို့ဆောင်ပေးပါမည်။
နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
GIMPO
CHUN CHEON
GANGWON
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် Gimpo မြို့သို့ စတင်ထွက်ခွာရန် လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးပါမည်။ Gimpo မြို့သို့ ရောက်ရှိသောအခါ တောင်ကိုရီးယား နိုင်ငံရှိ လူဦးရေထူထပ်ပြီး လှပလှသော Gyeonggi ပြည်နယ်သို့ လိုက်လံပို့ဆောင် ပေးပါမည်။ ထိုမှတဆင့် ကိုးရီးယားရုပ်ရှင်ဇာတ်လမ်းတွဲများထဲတွင် ထည့်သွင်းရိုက် ကူးလေ့ရှိသော Nami-island သို့သွားရောက်ပြီး ချယ်ရီပင်များရှိရာ လမ်းကလေးတွင် အမှတ်တရဓာတ်ပုံ များစွာရိုက်ကူးကြပါမည်။ ထို့နောက်တွင် မြစ်ကိုဖြတ်၍ တည် ဆောက်ထားသော Soyanggang မှန်တံတားပေါ်တွင် ရင်ခုန်စိတ်လှုပ်ရှားစွာ ဖြတ် သန်းလမ်းလျှောက်ကြပါမည်။ ညနေပိုင်းတွင် Gyeonggi သို့ ပြန်လာကြပြီး ဟိုတယ် တွင်အိပ်စက်အနားယူပါမည်။
နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။
EVERLAND
SEOUL
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် သဘာဝ ကျောက်ဆောင်များ နှင့် ရင်သပ် ရှုမောဖွယ် မြင်ကွင်းများစွာ ကိုတွေ့မြင်နိုင်မည့် Mt. Seorak National Park သို့လိုက်လံပို့ဆောင်ပေးပါမည်။ ထိုမှ တဆင့် ကြီးမားသော ဗုဒ္ဓရုပ်ပွားသော တည်ရှိရာ Shinheungsa ဘုရားကျောင်းနှင့် ကမ္ဘာပေါ်တွင် နံပါတ် (၁၆) အဆင့် ရရှိထားပြီး ကြီးကျယ်ခမ်းနားလှသော အပန်းဖြေစရာ များစွာတည် ရှိရာ Everland Theme Park သို့လိုက်လံပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် Seoul သို့ထွက်ခွာကာ ဟိုတယ်တွင် အိပ်စက်အနား ယူပါမည်။
နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် ကိုရီးယား၏ နာမည်ကြီး ဂျင်ဆင်းမျိုးစုံကို တွေ့မြင်နိုင် ပြီး ဂျင်ဆင်းတိုင်းပြည်ဟု တင်စားခေါ်ဝေါ်သော Ginseng Center ၊ Cosmetic Shop သို့ သွားကာဈေးဝယ်ထွက်ပါမည်။ ထို့နောက်တွင် ကိုရီးယားနိုင်ငံ ၏ အဓိက အထင်ကရ အစားအစားဖြစ်သော ကင်ချီပြုလုပ်စားသောက်ကြပြီး ရိုးရားဝတ်စုံများ ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်ပိုင်းတွင် Namsan တောင်ပေါ်ရှိ ကိုရီးယားနိုင်ငံ၏ ဒုတိယအမြင်ဆုံးနေရာတစ်ခုဖြစ်သည့် N Seoul Tower သွားရောက် လည်ပတ်ကြပါမည်။ ထိုမှ တစ်ဖန် SM Duty Free Shop တွင် အမှတ်တရ လက်ဆောင် ပစ္စည်းများ ဝယ်ယူပြီး Insadong လမ်းတွင်လမ်းလျှောက် လည်ပတ်ကြပါမည်။ ညနေပိုင်း တွင် ကိုရီးယားရိုးရာအိမ်ကလေးများတည်ရှိရာ Bukchon Hanok Village သို့လေ့လာ လည်ပတ်ကြပါမည်။
နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
VIETNAM
YANGON
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် Korea နိုင်ငံ Incheon လေဆိပ်သို့ လိုက်လံ ပို့ဆောင်ပေးပါမည်။ Korea နိုင်ငံ Incheon လေဆိပ်မှ စတင်ထွက်ခွာပြီး Vietnam နိုင်ငံ Hanoi မြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထိုမှတဆင့် Vietnam နိုင်ငံ Hanoi မြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာပြီး Yangon အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။
~~ ကိုရီးယားစဉ် ခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ ~~