လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ကော့သောင်း (A)

ကော့သောင်း (A)
ရက် ခရီးစဉ်

Hightlight
လေယာဉ်စီးချိန်

၁ နာရီ ၃၀ မိနစ်

အချိန်ကွာခြားမှု

၀ နာရီ ၀ မိနစ်

ရာသီဥတု

အောက်တိုဘာလ မှ ဖေဖော်ဝါရီလ ထိ - ဆောင်းရာသီ
မတ်လ မှ မေလ ထိ - နွေရာသီ
ဇွန်လ မှ စက်တင်ဘာလ ထိ - မိုးရာသီ

ဘာသာစကား

Myanmar

အဓိက အစားအစာ

ထမင်း၊အသားနှင့် ဟင်းသီးဟင်းရွက်

သုံးစွဲသည့်ငွေ

Myanmar Kyats

Download Program

ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏တောင်ဘက် အစွန်ဆုံးမြို့တစ်မြို့ဖြစ်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိပါသည်။ ထိုင်းအခေါ်အဝေါ်အရ ဗောနင်းကျွန်းနှင့် ဗောင်ဝါးကျွန်းနှစ်ကျွန်းကို အစွဲပြုကာ ကော့စွန်းဟု ခေါ်တွင်ရာမှ ကော့သောင်းမြို့ဟု အမည်တွင်ခဲ့ပါသည်။ ကော့သောင်းမြို့သည် ရန်ကုန်မြို့မှ (၈၀၀) ကီလို မီတာတွင် တည်ရှိပြီး၊ ထိုင်းနိုင်ငံနယ်စပ် ရနောင်းမြို့အနီးတွင် တည်ရှိပါသည်။ ကော့သောင်းမြို့မှ လှမ်းကြည့် လျှင်တစ်ဖက် ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် နာမည်ကျော် သူဌေးကျွန်းကိုလည်း တွေ့မြင်နိုင်ပါသည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONKAW THAUNGKAW THAUNG
DAY 022020KAW THAUNG4 ISLANDSKAW THAUNG
DAY 032020KAW THAUNGYANAUNGKAW THAUNG
DAY 042020KAW THAUNG*YANGON
နေ့ ၀၁ ရန်ကုန် ကော့သောင်း သူဌေးကျွန်း

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး ကော့သောင်း လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ထို့နောက်ဒေသခံ ဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပြီး ကော့သောင်းမြို့ မြောက်ဘက် မလိဝမ်းရေတံခွန်နှင့် အောင်သပြေရေပူစမ်းသို့ သွားရောက် လည်ပတ်ကြပါမည်။ အောင်သပြေရေပူစမ်းတွင် သဘာဝ ရေပူဖြင့် ခြေလက်စိမ်ပြီး အပန်းဖြေကြပါမည်။ ထို့နောက် မလိဝမ်းရေတံခွန်သို့ သွားရောက်ကာ သဘာဝအလှအပများ ကို ကြည့်ရှုခံစားကာ ရေတံခွန်တွင် (၁) နာရီခန့် ရေဆော့ကစားကြပါမည်။

နေ့လည်စာကို မလိဝမ်းရေတံခွန်အနီးရှိ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ညနေပိုင်းတွင် ကော့သောင်းမြို့တစ်ဝိုက်ရှိ ဘုရင့်နောင်ကုန်း၊ ဝိတိုရိယအငူဟု တင်စားခေါ်ဝေါ်သော မြန်မာနိုင်ငံ၏  တောင်ဘက်ဆုံး ကုန်းမြေအစွန်းထံသို့သွားကာ အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပြီး၊ Andaman ပင်လယ်၏ အလှအပကို ကြည့်ရှုနိုင်သည့် ငါးသုံးလုံးတောင်ခေါ် View Point နှင့် ပြည်တော်အေးဘုရား အစရှိသည့် အထင်ကရ နေရာများသို့ လည်ပတ်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ လိုက်ပါပို့ဆောင်ပါမည်။

ဟိုတယ်တွင် Buffet Dinner ဖြင့် ညစာသုံးဆောင်ပြီး အိပ်စက်အနားယူကြပါမည်။

နေ့ - ၀၂ သူဌေးကျွန်း ကျွန်း (၄) ကျွန်း သူဌေးကျွန်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် ကျွန်လေးကျွန်းခရီးစဉ်အား Speed Boat ဖြင့် စတင်ထွက်ခွာကြပါမည်။ ပထမဆုံး ပင်လယ်ခရီးစဉ်အနေဖြင့် ဇာဒတ်ကြီးကျွန်းသို့ သွားရောက်ပါမည်။ ဇာဒတ်ကြီးကျွန်းအနီးတွင် သန္တာကျောက်တန်းများ၊  အရောင်စုံလှပသော ငါးများ၊ ပင်လယ်ပချုပ်များ စသည့်သက်ရှိပင်လယ်သက်ရှိမျိုးစိတ်များစွာရှိနေသောကြောင့် ရေငုပ်ကြည့်ရန် အလှပဆုံးသော နေရာတစ်ခုဖြစ်ပါသည်။ ထို့နောက် ကျွန်းလယ်ခေါင်တွင် အသည်းပုံသဏ္ဍာန် ကြက်မောက်ကျွန်းသို့ သွားရောက်ကြပါဦးမည်။ ထိုကျွန်းအလယ်မှ ရေကန်သို့ရောက်ရှိရင် ပင်လယ်ရေကျချိန်ကို  စောင့်ကာ ကျောက်ဂူအောက်အတွင်းမှ ထူးခြားစွာဝင်ရောက်ရသည်မှာ တစ်မူထူးခြားသည့် သဘာဝမှတရားတစ်ခု ကိုခံစားရမည်ဖြစ်သည်။ မြင်းခွာပုံသဏ္ဍာန်တည်ရှိနေသော မြင်းခွာကျွန်းထံသို့ ခရီးဆက်ကာ ကြည်လင်ပြာလဲ့နေသော ပင်လယ်ရေကြောင့် ရေငုပ်ရန်အတွက် အလွန်လှသောနေရာသို့ ထပ်မံသွားရောက်ကြပါဦးမည်။

မြင်းခွာကျွန်းတွင် ထိုင်းစာများဖြင့် တည်ခင်းဧည့်ခံပါမည်။

ထို့နောက်စေတန်ကျွန်းခေါ် Tafook ကျွန်းသို့ သွားရောက်ပါမည်။ သဲဖြူဖြူသောင်ပြင်ကျယ်ရှိသော ဤကျွန်းတွင် ရေကူးခြင်း၊ ရေငုပ်ခြင်း၊ နေပူစာလုံခြင်းစသည်တို့ ပြုလုပ်ကာ စိတ်တိုင်းကျ အနားယူအပန်းဖြေနိုင်ပါသည်။ ညနေပိုင်းတွင် ဟိုတယ်သို့ပြန်လာကြပြီး၊ ချွေးထုတ်ခြင်း၊ ဟိုတယ်ရှိရေကူးကန်တွင် ရေကူးခြင်း၊ ရေကစားခြင်းတို့ဖြင့် အပန်းဖြေကြပါမည်။

ညစာကို Buffet Dinner ဖြင့် တည်ခင်းဧည့်ခံပါမည်။

ထို့နောက်ဟိုတယ်တွင် အိပ်စက်အနားယူကြပါမည်။

နေ့ - ၀၃ သူဌေးကျွန်း ရနောင်း သူဌေးကျွန်း

ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် ထိုင်းနယ်စပ်မြို့ဖြစ်သော ရနောင်းမြို့သို့ Ferry Boat ဖြင့်ကူးပြီးနောက် တစ်ရက် ဗီဇာပြုလုပ်ကာ ကားနှင့်သွားရောက်လည်ပတ်ကြပါမည်။ ပထမဆုံးရနောင်းမြို့၏ နာမည်ကျော် ရက်ဆာဝါရင် ရေပူစမ်းသို့ သွားရောက်ကြပြီး သဘာဝရေပူတွင် ရေနွေးစိမ်ပြီး အပန်းဖြေခြင်း၊ ကျောက်ဖျာပေါ်တွင် လဲလျောင်း အပန်းဖြေခြင်း၊ နှင့် ကြိုးတံတားပေါ်တွင် အမှတ်တရ ဓာတ်ပုံရို်က်ကူ ခြင်းတို့ပြုလုပ်ကြပါမည်။ ထို့နောက် ရနောင်းမြို့ရှိ  ထိုင်းဘုရင်မင်းဆက် (၅၊၆၊၇) တို့ ရနောင်းမြို့သို့လာရောက်သည့်အခါ စံမြန်းခဲ့သော နန်းတော်သို့ သွားရောက်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် ထိုင်းစာဖြင့်တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် ရဟန္တာဘုန်းတော်ကြီး၏ ရုပ်ကလပ်စံတော်ရာ မီးမလောင်ကျောင်းသို့ သွားရောက် လည်ပတ်ကြပါမည်။ ကျောင်ထိုင်ဘုန်းကြီးပျံလွန်တော်မူသည့်အခါ မီးသဂြိုလ်သော်လည်း လုံးဝ လောင်ကျွမ်းခြင်း မရှိသဖြင့် အပူဇော်ခံထားရှိရာရုပ်အလောင်းနှင့် လှပခန့်ညားလှသည့်  နဂါးနှစ်ကောင်ရုပ်တုကြီးသို့ သွားရောက်လေ့လာလည်ပတ်ကြပါမည်။ ထိုမှတစ်ဆင့် ကြီးမားလှသော ငါးကြီးများ ရှိရာငါးကန် ဘုန်းကြီးကျောင်းသို့ သွားရောက်ကြပြီး ငါးလွှတ်ခြင်း နှင့် ငါးစာကျွေးခြင်းတို့ ကိုပြုလုပ် ကုသိုလ်ယူကြပါမည်။ ငါးကန်ဘုန်းတော်ကြီး ကျောင်းတွင် ကမ္ဘာ့အကြီးဆုံး ခဲသတ္တုဖြင့့်ပြုလုပ်ထားသော ဘုရားဆင်းတုတော်ကိုလည်း ဖူးမျှော်နိုင်မည်ဖြစ်သည်။ ညနေပိုင်းမပြန်ခင် လမ်းတွင်ရှိသော Lotus ကုန်တိုက်တွင် စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် ရနောင်းဆိပ်ကမ်းသို့ သွားရောက်ပြီး Ferry Boat ဖြင့် ကော့သောင်းမြို့သို့ ပြန်လာကြပြီး Victoria Cliff Hotel သို့ သွားရောက်ကြပါမည်။

ဟိုတယ်တွင် Buffet Dinner ဖြင့် ညစာသုံးဆောင်ပြီး ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

နေ့ - ၀၄ ကော့သောင်း ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြပါမည်။

နံနက်စာသုံးဆောင်ပြီး ကော့သောင်းဆိပ်ကမ်းရှိစျေးတွင် ဒေသထွက်ပစ္စည်း များကို အမှတ်တရ လက်ဆောင်အဖြစ် ဝယ်ယူကြပါမည်။

 ထို့နောက် လေဆိပ်သို့ မထွက်ခွာမှီ ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာ အားတည်ခင်းဧည့်ခံပါမည်။

ကော့သောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှစတင်ထွက်ခွာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဖြစ်သည်။

*** ကော့သောင်းခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ***