လူမှုကွန်ယက် မှ ဆက်သွယ်ရန်

Authentic နှင့် ခရီးသွားစို့

ကနေဒါ (A)

ကနေဒါ (A)
၁၀ ရက် ခရီးစဉ်

Hightlight
လေယာဉ်စီးချိန်

၁၉ နာရီ ၅၅ မိနစ်

အချိန်ကွာခြားမှု

+၁၀ နာရီ ၃၀ မိနစ်

ရာသီဥတု

မတ်လ မှ မေလ ထိ - နွေဦးရာသီ
ဇွန်လ မှ သြဂုတ်လ ထိ - နွေရာသီ
စက်တင်ဘာလ မှ နိုဝင်ဘာလ ထိ - ဆောင်းဦးရာသီ
ဒီဇင်ဘာလ မှ ဖေဖော်ဝါရီလ ထိ - ဆောင်းရာသီ

ဘာသာစကား

Canadians

အဓိက အစားအစာ

ပေါင်မုန့်၊ အသားနှင့် အသီးအရွက်

သုံးစွဲသည့်ငွေ

Canadians dollar

Download Program

ကနေဒါနိုင်ငံသည် မြောက်အမေရိကတိုက် မြောက်ဖက်ပိုင်းရှိ ပြည်နယ် ၁၀ ခုနှင့် နယ်မြေ ၃ ခု ပါဝင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး နိုင်ငံ ဖြစ်ပြီး ကနေဒါနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု တို့၏ နယ်စပ်မှာ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော ကုန်းမြေ နယ်နိမိတ်မျဉ်း ဖြစ်သည်။ ကနေဒါနိုင်ငံသည် ဖက်ဒရယ်အဆင့်တွင် ရုံးသုံးဘာသာစကား ၂ မျိုး အသုံးပြုသော နိုင်ငံ ဖြစ်ပြီး လူမျိုးပေါင်းအစုံဆုံး နှင့် ယဉ်ကျေးမှုစနစ် အစုံဆုံးရှိသော နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။

ITINERARY AT A GLANCE

DAYDATEDEPARTUREVISIT / FLIGHTARRIVE
DAY 012020YANGONBANGKOKVANCOUVER
DAY 022020VANCOUVERVICTORIAVANCOUVER
DAY 032020VANCOUVERCALGARYBANFF
DAY 042020BANFFLAKE LOUISEBANFF
DAY 052020BANFFCALGARYCALGARY
DAY 062020CALGARYMONTREALMONTREAL
DAY 072020MONTREALKINGSTONTORONTO
DAY 082020TORONTONIAGARA FALLSTORONTO
DAY 092020TORONTOTORONTOTORONTO
DAY 102020TORONTOBANGKOKYANGON
DAY 01 YANGON BANGKOK VANCOUVER

Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး Bangkok အပြည် ပြည်ဆိုင်ရာလေသို့ ဆိုက်ရောက်မည်ဖြစ်သည်။ Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာကာ Vancouver အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပြီး ဟိုတယ်သို့ လိုက်လံပို့ဆောင်ပါမည်။

ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 02 VANCOUVER VACTORIA VANCOUVER

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် British Columbia ပြည်နယ်၏ မြို့တော်ဖြစ်သော Victoria သို့ BC Ferry သင်္ဘောဖြင့် ၄၅ မိနစ်ခန့်စီးကားသွားရောက်လည်ပတ်ကြပါမည်။ ထို့နောက်တွင် နှစ် ၁၀၀ ကျော်သက်တမ်းရှိပြီး ပန်းမျိုးပေါင်း ၉၀၀ ကျော်ရှိရာ Buchart Gardens သို့ လေ့လာကြည့်ရှုပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် Victoria မြို့လယ်ရှိ Inner Habour ဆိပ်ကမ်း၊ နာမည်ကျော် Fairmount Express ဟိုတယ်၊ Parliament Building နှင့် Royal British Columbia Museum သို့ သွားရောက်ကြည့်ရှုရင်း အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက်တွင် Beacon Hill park နှင့် ကနေဒါနိုင်ငံ၏ အမှတ်() အဝေးပြေးလမ်းမကြီး စတင်ရာ Mile Zero သို့ သွားရောက်လည်ပတ်ကြပါမည်။

ညစာကို BC Ferry Boat ပေါ်တွင် သုံရင်းဆောင်ပါမည်။

ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူကြပါမည်။

DAY 03 VANCOUVER CALGARY BANFF

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Vancouver မြို့ City Tour အဖြစ် Totem Poles ရုပ်ထုတိုင်များတည်ရှိရာ Stanley Park ပန်ခြံ ၊ ကွန်ဗန်းရှင်းစင်တာ ၊ Pan Pacific ဟိုတယ်သို့တည်ရှိရာ Canada Palace Jack Poole Plaze ရှိ Olympic Cauldron အိုလံပစ်မီးရှုးတိုင် နှင့် ရေနွေးဖြင့် လည်ပတ်သောရှေးဟောင်းနာရီစင်တည်ရှိရာ Gaston တို့ကိုသွားရောက် လည်ပတ်ကာ အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် နာမည်ကျော် Calgary မြို့သို့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် သွားရောက်ကြ ပါမည်။ Calagary မြို့သို့ရောက်လျှင် Rocky နှင်းတောင်များကြားအလွန်လှပသော Banff မြို့သို့ကားဖြင့်စတင် ထွက်ခွာပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။

DAY 04 BANFF LOUISE LAKE BANFF

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် Rocky နှင်းတောင်တန်းများ၏ သဘာဝ ရှုခင်းအလှကိုကြည့်ရှုခံစားရန် Banff National Park ရှိ Sulphur တောင်ထိပ် သို့ Banff Gomdola ဖြင့်တတ်ရောက်လည်ပတ်ကြပါမည်။ နှင်းတောင်များဖြင့် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံများရိုက်ကူးကြပြီးနောက် နာမည်ကျော် Lake Louise ရေကန်သို့ ကားဖြင့်ခရီးဆက်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် တွင် ရေခဲတောင်တန်းများမှ ပျော်ကျလာသောရေများဖြင့် ကျောက်စိမ်းရောင် လဲ့နေသော Lake Louise နှင့် နာမည်ကျော် Fairmont Chateau Resort Hotel တို့ကို လည်ပတ်ကြည့်ရှုကြပါမည်။ Lake Louise Ski Resort တွင် နှင်းများဖြင့် ပျော်ရွှင်စွာ ဆော့ကစားကြပြီး နောက် Banff မြို့သို့ ပြန်လည်ထွက်ခွာလာပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 05 BANFF CALGARY

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် Banff Avenue ဈေးလမ်းမသို့ သွားရောက် ကာ နာမည်ကျော် တောင်တတ်ပစ္စည်းများ ၊ ဖိနပ်အမျိုးမျိုးနှင့် အနွေးထည်များ ၊ အိတ်များကို စိတ်ကြိုက်ဈေး ဝယ်ထွက်ကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည် စာသုံးဆောင်ပြီး နောက်တွင် Calgary မြို့သို့ ပြန်လည်ထွက်ခွာကာ လမ်းတွင် Canmore မြို့၌ နှင်းပေါ်တွင် ခွေးများကရှေ့ကဆွဲ၍ နှင်းလျှောစီးရ သော Dog Sledding ကို မိမိအစီအစဉ်ဖြင့် ပြုလုပ်နိုင်ပါသည်။ Calgary မြို့သို့ ရောက်သောအခါ နာမည်ကျော် Cowboy Festival ကျင်းရာ ဈေးဆိုင်တန်းများဖြင့် စည်ကားသော Stampede Park သို့သွားရောက်လည်ပတ်ကြပါမည်။ Calgary Chinatown ကိုဖြတ်သန်းကြည့်ရှုပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 06 CALGARY MONTREAL

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင်  Calgary မြို့မှ ကနေဒါနိုင်ငံ အရှေ့မြောက် ဘက်တွင်ရှိသော နာမည်ကျော် Montreal မြို့သို့ Air Canada လေယာဉ်ဖြင့် စတင်ထွက်ခွာကြပါမည်။ Montreal မြို့သို့ရောက်သောအခါ ဒေသခံဧည့်လမ်း ညွန်မှ လာရောက်ကြိုဆိုကြပြီးနောက် Montreal City Hall တွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြပြီး Chinatown သို့ ကြည့်ရှု့လေ့လာကြပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 07 MONTREAL KINGSTON TORONTO

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် နာမည်ကျော် Notre Dame Basilica ဘုရားကျောင်း နှင့် မြို့စတင်တည်ခဲ့သော နေရာဖြစ်သည့် Old Montreal တို့ကိုသွား ရောက်လေ့လာလည်ပတ်ပါမည်။ ထို့နောက် သာယာလှပသော ရှုခင်းများကြောင့် နာမည်ကျော်ခဲ့သော Mount Royal တောင်ကုန်းပေါ်သို့ တတ်ရောက်ကာ View Point မှ Montreal မြို့၏ အလှအပကို ကြည့်ရှုခံစား ကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ပြီးနောက်တွင် ကနေဒါနိုင်ငံ၏ မြို့တော် Toronto မြို့သို့ကားဖြင့် ခရီးဆက်ပါ မည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 08 TORONTO NAIGARA FALLS TORONTO

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင် ကမ္ဘာပေါ်တွင် နံပါတ်(၁) Tourist Attraction နေရာဖြစ်သည့် Niagara Falls သို့ သွားရောက်လည်ပတ်ကြပါမည်။ ရာသီဉတုအခြေအနေပေါ်မူတည်၍ နိုင်ဂါရာမြစ်အတွင်း Horn Blower Niagara Curise သင်္ဘောဖြင့် ရေတံခွန်အား အနီးကပ်ကြည့်ရှုခံစာနိုင်ပါသည်။ ထို့ပြင် ကနေဒါဘက်အခြမ်းမှသာ လည်ပတ်နိုင် သော Journey Behind the Falls အဖြစ် Niagara ရေတံခွန်အတွင်းပိုင်းသို့ ဝင်ရောက်ကြည့်ရှု လေ့လာကြပါမည်။

နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

နေ့လည်စာသုံးဆောင်ကြပြီးနောက်တွင် နာမည်ကျော် Branded Fashion များကို ဈေးသက်သာစွာဝယ်ယူနိုင်သည့် Outlet Collection at Niagara တွင် ဧည့်သည်တော်များ စိတ်တိုင်ကျ ဈေးဝယ်ထွက်ကြပါမည်။

ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 09 CANBERRA

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာ သုံးဆောင်ပြီးနောက်တွင်  World’s Tallest Free-Standing Structue အဖြစ် ၃၂ ကြာရပ်တည်ခဲ့သော CN Tower ၏ ၁၁၃၆ ပေအမြင့်တွင်ရှိသည့် Observation Desk သို့တတ်ရောက်ကြည့်ရှုကာ အမှတ်တရ ဓာတ်ပုံများရိုက်ကူး ကြပါမည်။ ထို့နောက် Toronto မြို့၏ နာမည်ကျော် Eaton Centre တွင် ဈေးဝယ်ထွက်ကြပါမည်။

နေ့လည်စာ နှင့် ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။

ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

DAY 10 TORONTO BANGKOK YANGON

 

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။

နံနက်စာသုံးဆောင်ပြီးနောက်တွင် နံနက်ခင်းပိုင်းခေတ္တအနားယူပြီး စျေးဝယ် ထွက်ပါမည်။ နေ့လည်ပိုင်းတွင် ခရီးစဉ်ပြီးဆုံးပြီဖြစ်ပါသဖြင့် လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးပါမည်။ Toronto  မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည် ဖြစ်သည်။ Bangkok အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

***ကနေဒါခရီးစဉ် ပျော်ရွှင်စွာပြီးဆုံးပါပြီ***