၃ ည
၄ ရက် ခရီးစဉ်
၂ နာရီ ၂၀ မိနစ်
+၃၀ မိနစ်
ဇန်နဝါရီလ မှ မေလ ထိ - 26° C to 29° C
ဇွန်လ မှ အောက်တိုဘာလ ထိ - 25° C to 28° C
နိုဝင်ဘာလ မှ ဒီဇင်ဘာလ ထိ - 25° C to 27° C
Vietnamese
ထမင်း၊ အသီးအရွက်နှင့် အသား
Vietnam Dong (ဗီယက်နမ်ဒေါင်)
ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အရှေ့ဖက်စွန်းတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် လွတ်လပ်ရေးရပြီးသောနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးနိုင်ငံများတွင် ပါဝင်သည်။ ဗီယက်နမ်သည် ကမ္ဘာပေါ်ရှိ တစ်ပါတီစနစ် ကျင့်သုံးပြီး၊ ကွန်မြူနစ်စနစ် ကိုလက်ခံကျင့်သုံးသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။
ITINERARY AT A GLANCE
| DAY | DATE | DEPARTURE | VISIT / FLIGHT | ARRIVE |
|---|---|---|---|---|
| DAY 01 | 2020 | YANGON | * | SAIGON |
| DAY 02 | 2020 | SAIGON | CI CHI TUNNEL | SAIGON |
| DAY 03 | 2020 | SAIGON | MEKONG DELTA | SAIGON |
| DAY 04 | 2020 | SAIGON | * | YANGON |
HANOI
Yangon အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး Saigon လေဆိပ် သို့ ရောက်ရှိပါမည်။ Saigon လေဆိပ််တွင် အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ Romanesque Notre Dame ဘုရားကျောင်း၊ Central Post Office၊ City Hall၊The Old opera House တို့ကိုအပြင်မှ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပြီး၊ ထိုမှ China Town သို့သွားရောက်လည်ပတ် ကြည့်ရှုပါမည်။
ညစာကို ဒေသခံစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။
CUCHI TUNNELS
SAIGON
ဟိုတယ််တွင်နံနက်စာသုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် အထင်ကရနေရာများဖြစ်သော Reunification နန်းတော် နှင့် War Remnant ပြတိုက်သို့ လေ့လာလည်ပတ်ပါမည်။နေ့လည်စာ သုံးဆောင်ပြီးနောက်၊ Ho Chi Minh မြို့ မှ တစ်နာရီခန့် ကားမောင်းကာသွားရသော ကူချီဥမင် သို့ သွားရောက် လည်ပတ်ပါမည်။ ၄င်းဥမင်သည် အမေရိကန်ကို တော်လှန်သည့် တိုက်ပွဲဝင်စဉ်အခါက ဗီယက်နမ်စစ်သားတို့၏ ပြောက်ကျားစစ်ဆင်ရေးဆင်နွဲရာတွင် အသုံးပြုခဲ့ သော ဥမင်ပင်ဖြစ်သည်။ ထိုဥမင်ကို လည်ပတ်ပြီး Ho Chi Minh မြို့ သို့ပြန်လာပါမည်။
ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ညစာသုံးဆောင်ပြီးနောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
MELKONG DELTA
SAIGON
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် Ho Chi Minh မြို့ မှကားဖြင့် တစ်နာရီခွဲခန့်သွားရသော မဲခေါင်ဒေသရှိ မိုင်သိုကျွန်း သို့သွားရောက်လည် ပတ်ပါမည်။ ထိုနေရာတွင် စိတ်လှုပ်ရှားဖွယ် ကောင်းသည့် သင်္ဘောကို စီးရင်း မဲခေါင်မြစ်အတွင်းတွင် ပေါက်ရောက်နေသော သဘာဝပေါက်ပင် များ နှင့် မြစ်၏အလှအပများကို ကြည့်ရှုခံစားကြပါမည်။ ထိုမိုင်သို ဒေသအတွင်း အရသာ ကောင်းမွန် သော အုန်းသကြားလုံးလုပ်ငန်း လေ့လာရင်း၊ လတ်ဆတ်သောအုန်းရည်များ၊ နာမည်ကြီး ပျားလက်ဖက် ရည် များကို အရသာခံလေ့လာ နိုင်မည်ဖြစ်ပါသည်။ ထိုနောက် Ho Chi Minh မြို့သို့ အပြန်လမ်းတွင် အလွန် သပ္ပါယ်လှသော Vinh Trang ဘုရားသို့ သွားရောက်ဖူးမျှော်ပါမည်။ ညနေပိုင်းတွင် အိမ်အပြန် လက်ဆောင်များ ဝယ်ရန် Ben Thanh ဈေးသို့ ဈေးဝယ်ထွက်ပါမည်။
နေ့လည်စာ နှင့် ညစာ ကို ဒေသခံစားသောက်ဆိုင် တွင်တည်ခင်းဧည့်ခံပါမည်။
ထို့နောက်တွင် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
YANGON
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် ခရီးစဉ်ပြီးဆုံးပြီဖြစ်ပါသဖြင့် လေဆိပ် သို့ လိုက်လံပို့ဆောင်ပေးပါမည်။ Saigon အပြည် ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး၊ Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမောစွာ ပြန်လည် ရောက်ရှိပါ မည်။
** ဗီယက်နမ် ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ **