၃ ည
၄ ရက် ခရီးစဉ်
စင်္ကာပူနိုင်ငံသည် သေးငယ်သော တံငါသည်ကျွန်းအဖြစ်မှ ယခုအခါ နိုင်ငံကြီးများနှင့်တန်းတူ ဖွံဖြိုးတိုး တတ်နေသော နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည့်အပြင် အရှေ့တောင်အာရှတွင် အသေးငယ်ဆုံးသော နိုင်ငံ တစ်ခုလည်းဖြစ်သည်။ နိုင်ငံနှင့် မြို့တော်တစ်ခုတည်းဖြစ်သော နိုင်ငံ သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ စင်္ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေနံစင်ထုတ်လုပ်ရာနှင့် သင်္ဘောများ ပြင်ဆင်ရေးအတွက် အဓိက နိုင်ငံတစ်ခုလည်းဖြစ်ပါသည်။
ITINERARY AT A GLANCE
| DAY | DATE | DEPARTURE | VISIT / FLIGHT | ARRIVE |
|---|---|---|---|---|
| DAY 01 | 2020 | YANGON | SINGAPORE | SINGAPORE |
| DAY 02 | 2020 | SINGAPORE | UNIVERSAL STUDIO | SINGAPORE |
| DAY 03 | 2020 | SINGAPORE | GARDEN BY THE BAY | SINGAPORE |
| DAY 04 | 2020 | SINGAPORE | * | YANGON |
SINGAPORE
Yangon အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာပြီး စင်္ကာပူနိုင်ငံ Changi လေဆိပ်သို့ ဆိုက်ရောက်မည် ဖြစ်သည်။ လေဆိပ်တွင် ဒေသခံဧည်လမ်းညွန်မှ လာရောက်ကြိုဆိုပြီး စင်ကာပူနိုင်ငံ၏ အထိမ်းအမှတ်ဖြစ်သော နာမည်ကျော် Merlion ရုပ်တုကြီးရှိရာ ပန်းခြံတွင် အမှတ်တရ ဓာတ်ပုံများရိုက်ကူးပြီးနောက် စင်္ကာပူနိုင်ငံ မြို့တော်ခန်းမ နှင့် ကုန်စည်ပြပွဲ ကျင်းပရာ Suntec City စသောနေရာများသို့သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် မြန်မာလူမျိုး အများအပြားရှိရာ Peninsula ပလာဇာတွင် စျေးဝယ်ထွက်ကြပါမည်။
ညစာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
WINGS OF TIME
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် University Studio Singapore သို့စတင် ထွက်ခွာပါမည်။ University Studio Singapore တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်း၊ ပျော်ရွှင်ဖွယ်ဂိမ်းများကစားခြင်း နှင့် ရန်ခုန်စိတ်လှုပ် ရှားဖွယ် rolar coaster ကဲ့သို့ အပျော်စီးယာဉ်များ စီးနင်းခြင်းတို့ ပြုလုပ်ကြ ပါမည်။ ညနေပိုင်းတွင် စလိုက်မီးများဖြင့် လှပစွာဖန်တီးထားသော wing of time ပွဲသို့ သွားရောက်ကြည့်ရှုကြပါမည်။
နေ့လည်စာ နှင့် ညစာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။
နံနက်စာသုံးဆောင်ပြီးနောက်တွင် Garden by the Bay သို့စတင်ထွက်ခွာ ပါမည်။ Garden by the Bay တွင် Flower Dome နှင့် Cloud Forest ဟူ၍ Dome နှစ်မျိုးရှိသည့်အနက် ပန်းမျိုးစုံစိုက်ပျိုးထားသော Flower Dome ပန်းဥယျာဉ်နှင့် တိမ်ပေါ်တွက် တည်ဆောက်ထားသကဲ့သို့ လှပသော သစ်တောများဖန်တီးထားသော Cloud Forest စသည့် Dome နှစ်ခုအနက် တစ်ခုကို သွားရောက် လေ့လာလည်ပတ်ပါမည်။ Haji lane ဟုခေါ် နံရံဆေးရေးပန်ချီများစွာဖြင့် အံ့ဩဖွယ်ကောင်းသော နေရာသို့လည်းသွား ရောက် လေ့လာလည်ပတ်ကြပါမည်။
နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ထို့နောက် Singapore နိုင်ငံ၏ နာမည်ကြီး စျေးဝယ်လမ်းများ အနက် Bugis Street သို့ သွားရောက်လည်ပတ်ရင်း စိတ်ကြိုက်စျေးဝယ် ထွက်ကြပါမည်။
ညစာကို Bugis Street ရှိ ဒေသခံ စားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံပါမည်။
ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
YANGON
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပါမည်။
နံနက်စာ သုံးဆောင်ပြီးနောက်တွင် လေယာဉ်ကွင်းသို့ မထွက်ခွာမီ မိမိစိတ် ကြိုက် အနားယူ လည်ပတ်နိုင်ပါသည်။ Changi အပြည်ပြည်ဆိုင်ရာ လေဆိပ် မှစတင်ထွက်ခွာပြီး Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မှာဖြစ်ပါသည်။
***စင်္ကာပူ ခရီးစဉ် ပျော်ရွှင်စွာ ပြီးဆုံးပါပြီ***